ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်နေချိန်တွင် NUG မှ အကူအညီများပေးရန် ကြိုးပမ်းနေဟုဆို

ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်နေချိန်တွင် NUG မှ အကူအညီများပေးရန် ကြိုးပမ်းနေဟုဆို

ဇူလိုင် ၁၆

ကိုဗစ်- ၁၉ ကူးစက်ပြန့်ပွားမှု တကျော့ပြန်မြင့်တက်နေချိန်တွင် အခက်ပွေနေသည့် ပြည်သူများကို အကူညီပေးရန် အမျိုးသားညီ‌ညွှတ်ရေးအစိုးရ(NUG)က ကြိုးပမ်း‌လျက်ရှိကြောင်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ကြေညာလိုက်သည်။

NUG ၏ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက သူ့၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောဆိုရာတွင် " စစ်ကောင်စီ၏ အကြမ်းဖက် ရက်စက်မှုများ၊ ပဋိပက္ခများနှင့် ကိုးဗစ် -၁၉ ရောဂါ တတိယလှိုင်းတို့ကြောင့် ပြည်သူများ ဒုက္ခအခက်အခဲများစွာ ကြုံတွေ့ရလျှက်ရှိပါတယ်။ ရပ်ရွာအခြေပြု ဘေးအန္တရာယ် တုံ့ပြန်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါတယ် ” ဟု ပါရှိသည်။

ဝန်ကြီးဌာနက လူထုအတွင်း ကိုးဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းများ၊ ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းများကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်လျှက် ရှိသည်ဟုဆိုသည်။  

ဒေါက်တာဝင်းမြတ်အေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်ကာ ဖေဖော်ဝါရီ ၁ ရက်နေ စစ်တပ်ကအာဏာသိမ်းပြီးနောက် လွတ်မြောက်သွားသည့် ပြည်ထောင်စုဝန်ကြီးအချို့ထဲမှ တစ်ဦးဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly