တရုတ်စစ်တပ်က ကုန်းမြင့်ဒေသတွင် အထူးစစ်ဆင်ရေးများပြုလုပ်ရန် တိဘက်တပ်များအား လေ့ကျင့်ပေး

By Just Earth News
14 July 2021
တရုတ်စစ်တပ်က ကုန်းမြင့်ဒေသတွင် အထူးစစ်ဆင်ရေးများပြုလုပ်ရန် တိဘက်တပ်များအား လေ့ကျင့်ပေး

တရုတ်စစ်တပ်က ကုန်းမြင့်ဒေသတွင် အထူးစစ်ဆင်ရေးများပြုလုပ်ရန် တိဘက်တပ်များအား လေ့ကျင့်ပေး သင်ကြားပေးနေသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်ပြည်မကြီး၏ ဘာသာစကားကို လေ့လာခြင်းနှင့် လေ့ကျင့်ခြင်းများအပါအဝင် သစ္စာစောင့်သိမှု စမ်းသပ်ခြင်းများ ပြုလုပ်ပြီးနောက် စစ်မှုထမ်းဆောင်ခွင့်ပြုထားသည့် တိဘက်တပ်ဖွဲ့များအတွက် စစ်ရေးလေ့ ကျင့်ခန်း တစ်ခုကို တရုတ်တပ်မတော်က ပြုလုပ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ANI ကို ပြောကြားခဲ့သည်။

တောင်တန်းစစ်ဆင်ရေးတွင် အထူးကျွမ်းကျင်သည့် တိဘက်လူမျိုးများပါဝင်သည့် အိန္ဒိယရှေ့တန်း အထူးတပ်ဖွဲ့ကဲ့သို့သော တပ်ဖွဲ့တစ်ခုကို တရုတ်က ဖန်တီးရန်ကြိုးပမ်းနေပုံရသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

တရုတ်တပ်မတော်၏ တိဘက်တပ်ဖွဲ့များသည် အထူးစစ်ဆင်ရေးများအတွက် လေ့ကျင့်သင်ကြားခြင်းခံနေရပြီး မကြာသေးမီက အနောက်ပိုင်းဒေသများတွင် လေ့ကျင့်မှုများပြုလုပ်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များသည် မကြာသေးမီက ပြင်းထန်သော နယ်စပ်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်စလုံးတွင် အများအပြား သေကြေဒဏ်ရာရခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly