Stay at Home သတ်မှတ်ထားတဲ့ ကန်ကြီးထောင့်မြို့မှာ ဆေးဝါး ဝယ်ယူလို့မရတဲ့ ပြသနာကြောင့် ဆေးဆိုင်တွေ ပိတ်ထားရ

Stay at Home သတ်မှတ်ထားတဲ့ ကန်ကြီးထောင့်မြို့မှာ ဆေးဝါး ဝယ်ယူလို့မရတဲ့ ပြသနာကြောင့် ဆေးဆိုင်တွေ ပိတ်ထားရ

ဇူလိုင် ၁၃

Stay at Home သတ်မှတ်ထားတဲ့ ကန်ကြီးထောင့်မြို့ပေါ်မှာ ဆေးဆိုင်တွေအားလုံးနီးပါးပိတ်ထားတယ်လို့သိရပါတယ်။

ကန်ကြီး ထောင့်မြို့ပေါ်မှာ ဆေးဆိုင် ၆ ဆိုင်ရှိပြီး ဆေးရုံရှေ့ တည့်တည့်က ဆိုင်တစ်ဆိုင်ပဲ ဖွင့်ထားတာ ဖြစ်ပါတယ်။

Stay at Home သတ်မှတ်ထားတဲ့အတွက် ဆေးဆိုင်တွေအပြင် တခြားစားသောက်ကုန် ပစ္စည်းဆိုင်တွေပါ ပိတ်ထားတယ်လို့သိရပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေကတော့ မြို့အဝင်ဝမှာ ဘယ်ရီဂိတ် (သံဆူးကြိုးအတားအဆီး)တွေနဲ့ Lock Down လုပ်ထားတယ်လို့သိရပါတယ်။
"တချို့ဆိုင်တွေက ရောင်းစရာဆေးမရှိတော့လို့ ပိတ်ထားကြတာ၊ တချို့ဆိုင်တွေကတော့ ဆိုင်ရှင်တွေကိုယ်တိုင်ဖျားနေလို့ ပိတ်ထားကြတာဗျ၊

ဆေးတွေကလဲ မှာဝယ်လို့မရတော့ဘူးလို့ကြားတယ်၊ ပုသိမ်မှာတောင်ဝယ်လို့မရတော့တာ ကန်ကြီးထောင့်က ပိုဆိုးတာပေါ့"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကန်ကြီးထောင့်မြို့ကို Stay at home ကြေညာခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ကန်ကြီးထောင့်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ နေ့စဥ်နဲ့အမျှ မြင့်တက်နေတယ်လို့သိရပြီး တတိယလှိုင်းအတွင်း ဇူလိုင်လ ၁၂ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီးသေဆုံး သူ ၅ ဦးနဲ့ ရောဂါပိုးကူးစက်ခံထားရသူ ၃၀၀ ကျော်ထိရှိလာပြီလို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly