အိန္ဒိယနည်းပညာတက္ကသိုလ်တွင် ဉာဏ်ရည်တုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

By India Blooms News Service
12 July 2021
အိန္ဒိယနည်းပညာတက္ကသိုလ်တွင် ဉာဏ်ရည်တုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အိန္ဒိယနိုင်ငံတွင် လျှပ်စစ်နှင့်စွမ်းအင်ကို ပေါင်းစပ်အသုံးချမှုအတွက် 'ဉာဏ်ရည်တု(AI)ဖြင့် အဖြေရှာခြင်း" ခေါင်းစဉ်ဖြင့် တစ်ပတ်ကြာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို သီရိနာဂါမြို့ရှိ အမျိုးသားနည်းပညာ အင်စတီကျု(NIT) တွင် ဇူလိုင် ၅ ရက်က စတင်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားကို လူပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို နည်းပညာဆိုင်ရာ အိန္ဒိယနိုင်ငံလုံးကောင်စီက လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဖွဲ့စည်းထား သည့် ATAL အကယ်ဒမီနှင့် ပူးပေါင်းကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်ပြီး NIT မှ ပါမောက္ခ အာမက်ဇာဂါနှင့် ဒေါက်တာ အမ်ဂျက်တက်တို့က အစီအစဉ် ဦးဆောင်သူများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၌ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ဒါရိုက်တာ ပါမောက္ခ ဒေါက်တာရာကက်ချ် ဆက်ရှဂယ်က အဆင့်တိုင်း၌ စွမ်းအင်ကို ပေါင်းစပ်အသုံးပြုရန်လိုအပ်ကြောင်းနှင့် ပိုမိုတီထွင်ဆန်းသစ်မှုများအတွက် ဉာဏ်ရည်တုဖြေရှင်းချက်များလိုအပ်ကြောင်း သူက ပြောကြားခဲ့သည်။

မြေအပူစွမ်းအင်၊ ရေအားလျှပ်စစ်၊ နျူးကလီးယားစွမ်းအင် သို့မဟုတ် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဘူမိအပူ၊ ဒီလှိုင်းဖြင့် လျှပ်စစ်ထုတ်ယူခြင်း ကဲ့သို့သော သမရိုးကျမဟုတ်သည့် စွမ်းအင်များကို အများဆုံးထိ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရေးအတွက် ဉာဏ်ရည်တုကို အသုံးပြုနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ဉာဏ်ရည်တု နည်းပညာသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအဆင့်မှ ဆုံးရှုံးမှုများနှင့် လျှပ်စစ်ဓာတ်အား ခိုးယူခြင်းများကို လျော့ချနိုင်ပြီး သုံးစွဲသူအဆင့်တွင် စွမ်းအင်အသုံးကို ပေါင်းစပ်သုံးစွဲနိုင်သည်အထိ ပြုလုပ်နိုင်ကြောင်း သူက ဆိုသည်။

လူဦးရေးတိုးပွားလာမှု၊ လူ့အဖွဲ့အစည်း၏ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များ ကြောင့်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေကြာင်း သူက ဆိုသည်။

"အနာဂတ်မှာ NIT Srinagar က တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှာဖြစ်လို့ တစ်ဦးနဲ့ တစ်ဦးအတွေ့အကြုံ ဖလှယ်နိုင်မှာပါ။ နည်းပညာပိုင်းဆိုင်ရာအမြင်ကွဲပြားမှုတွေကို လေ့လာခြင်းအားဖြင့် အပြန်အလှန်နားလည်မှုရှိသွားပါလိမ့်မယ် " ဟု သူက ထပ်လောင်းဆိုသည်။

ဖိတ်ကြားထားသည့် နည်းပညာဆိုင်ရာ အိန္ဒိယနိုင်ငံလုံးကောင်စီ၊ အမျိုးသားနည်းပညာ အင်စတီကျု (NIT)နှင့် အများပြည်သူဆိုင်ရာကဏ္ဍမှ ပညာရှင်များက ဟောပြောမှာဖြစ်သဖြင့် ငါးရက်ကြာကျင်းပသော

အလုပ်ရုံဆွေးနွေးပွဲက တက်ရောက်သူများအနေဖြင့် အသိပညာများထပ်မံ ရရှိလိမ့်မည်ဟု ဒေါက်တာ ဘာဇက်က ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly