အိန္ဒိယတွင် ရွှေမှ Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးသို့ ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာ

By economictimes.indiatimes.com
12 July 2021
အိန္ဒိယတွင် ရွှေမှ Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးသို့ ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာ

အိန္ဒိယနိုင်ငံတွင် Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း တော်လှန်ရေး တစ်ခုအလား တွေ့မြင်ခဲ့ရသည်။ စည်းမျဉ်းစည်းကမ်းများနှင့် မတည်ငြိမ်မှုများကြောင့် မရေရာမှုများရှိနေသော်လည်း သန်းနှင့်ချီသည့် အိန္ဒိယလူမျိုးများသည် ရွှေအစား ဒစ်ဂျစ်တယ်ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံရန် ပိုမိုနှစ်သက်ကြပြီး နိုင်ငံသား ၁၅ သန်းနီးပါးသည် အဆိုပါငွေကြေးတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

" အိန္ဒိယ အိမ်ထောင်စုများတွင် ရွှေတန်ချိန် ၂၅၀ဝဝ ကျော်ပိုင်ဆိုင်သော်လည်း Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလက ဒေါ်လာ ၉၂၃ သန်းရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် မေလတွင် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံအထိ တိုးတက်လာခဲ့သည်" ဟု Chainalysis မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိန်းဂဏန်းသည် အိန္ဒိယတွင် Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေး အသုံးပြုသူအရေအတွက် ၆၁၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။ အိန္ဒိယ၏ အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေး ဝက်ဆိုက်မှာ CoinSwitchKuber ဖြစ်ပြီး ၂၀၂၀ပြည့်နှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့ကာ ယခုအခါ သုံးစွဲသူ ၆ သန်းနီးပါးရှိခဲ့သည်။

အလားအလာမရေရာမှုများ ရှိနေသော်လည်း Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေးတွင် ရင်းနှီးမြှုပ်နှံမှု များစွာ တိုးတက်လာခြင်း ဖြစ်သည်။

Cryptocurrency ဒစ်ဂျစ်တယ်ငွေကြေး၏ အနာဂတ် မသေချာမရေရာဖြစ်နေချိန်တွင် ငွေကြေးနှင့် ဆိုင်သည့် စီးပွားရေးထက် နည်းပညာပိုင်းတွင် ပိုမိုဂရုစိုက်ရန် လိုအပ်ကြောင်းကို အစိုးရက နားလည်သဘောပေါက်လာသည်။

Cryptos ဆိုသည့် အမည်ဝှက်သည် လိမ်လည်မှုများနှင့် ဒုစရိုက်လောကလှုပ်ရှားမှုများကို အားပေး လိမ့်မည်ဟူသော စိုးရိမ်သောကြောင့် ၂၀၁၈ ခုနှစ်အစောပိုင်းက ဒစ်ဂျစ်တယ်ငွေကြေးစတင်သည့်အချိန်၌ပင် အစိုးရက ဘဏ်များကို Cryptocurrency ဒစ်ဂျစ်တယ် ငွေကြေးလွှဲပြောင်းမှုများမပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့သည်။

သို့သော် ၂၀၂၀ ပြည့်နှစ်၊ မေလတွင် တရားရုံးချုပ်က ဒစ်ဂျစ်တယ်ငွေကြေးများကို ယင်းကဲ့သို့ ပိတ်ပင်တားမြစ်ရန် အကြောင်းမရှိဟု ဆိုကာ ယင်းတားမြစ်ချက်ကို ပယ်ဖျက်လိုက်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly