ဥသျှစ်ပင်မှာ မီတာခမပေးသည့်နေအိမ်များကို EPC က ဓါတ်ကြိုးများဖြတ်

ဥသျှစ်ပင်မှာ မီတာခမပေးသည့်နေအိမ်များကို EPC က ဓါတ်ကြိုးများဖြတ်

ဇူလိုင် 

လျှပ်စစ်မီတာခများမပေးဆောင်သည့် နေအိမ်များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဓါတ်ကြိုးများလိုက်လံဖြတ်တောက်မှုများကို ပြည်ခရိုင် ဥသျှစ်ပင်မြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

 "အရှေ့ပိုင်းရပ်ကွက်နဲ့ အထကကျောင်းရှေ့ လမ်းမတော်တွေက အိမ်တွေကို ဓါတ်ကြိုးတွေလိုက်ဖြတ်နေတယ်။ ရပ်ကွက်တွေထဲမှာလည်း လိုက်လံအော်နေတယ်။ မီတာခမဆောင်ရင် ဖြတ်မယ်ဆိုပြီးတော့ ဘယ်နှစ်အိမ်မီးဖြတ်ထားတယ်ဆိုတာတော့ အတိအကျမသိဘူး။ ကျွန်မကတော့ မဆောင်ဘူး။ "ဟု မြို့ခံတစ်ဦးကပြောသည်။

 ဓါတ်ကြိုးများလိုက်လံဖြတ်တောက်လိုက်ခြင်းက ယခင်က မီးအားမပြည့်သည့် ပဲခူးတိုင်းဒေသကြီးအောက်ရှိ ဥသျှစ်ပင်မြို့တွင် အခုအခါ မီးအားများပြည့်လျှက်ရှိသည်။  သို့သော် နေ့ခင်းအချိန်တွင်ပင် လမ်းမီးများထွန်းထားသည်ကိုလည်း တွေ့မြင်ကြရသည်။

 " ပြည်မှာတော့ ကျွန်တော့် အောင်ဆန်းရပ်ကွက်မှာ အာဏာသိမ်းပြီနောက် မီတာစာရွက်တွေလာတော့ မပေးဘူးဗျ။ ဆောင်ချင်တဲ့သူ ရုံးသွားဆောင်ကျတာ ဒီနေ့ညနေမှာ လျှပ်စစ်ရုံးကဝန်ထမ်းတွေက Hand speaker (လက်ကိုင်အသံချဲ့စက်) နဲ့ ဆိုင်ကယ်ပေါ်ကနေ အော်သွားတယ်။ မီတာခမဆောင်တဲ့အိမ်ကို မီဖြတ်မယ်လို့တော့ အော်သွားတာကြားတယ်။ သူတို့အသတ်ခံရမှာဆိုးလို့နဲ့တူတယ် ဆိုင်ကယ်နဲ့မောင်းပြေးပြေးတာ"ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

 ပြည်ခရိုင်နှင့် သာယာဝတီခရိုင်မှ မြို့နယ်အချို့တွင်လည်း လျှပ်စစ်မီတာခ မပေးဆောင်သည့်နေအိမ်များကို မီးဖြတ်မည်ဆိုပြီး လျှစ်စစ်ဝန်ထမ်းများမှ ပြည်သူများကို သတိပေးနေသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအများက လျှပ်စစ်မီတာခများကို မပေးဆောင်သည့် အာဏာဖီဆန်မှုပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly