ပုသိမ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံး

ပုသိမ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံး

ဇူလိုင် ၁၀

ပုသိမ်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်သူရဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၄ နာရီလောက်က ဆေးကုသမှုခံယူနေစဥ်အချိန်မှာပဲအသက်ရှုကြပ်ပြီးသေဆုံးခဲ့တာလို့သိရပါတယ်။

"သူက ရောဂါအခံရှိတာကြောင့်ထင်ပါတယ်၊ကိုဗစ်လဲကူး ရောဂါအခံကလဲရှိတော့ ဘယ်ခံနိုင်မလဲ အသက်အဲ့လောက်မကြီးသေးဘူးဆိုပေမယ့် အသက်ကြီးပိုင်းတော့ ရောက်နေပြီလေ ဒီနေ့မနက်ပိုင်းမှာ ဆုံးတယ်လို့ သတင်းကြားရတာ"လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ပုသိမ်မြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့သိရပြီး ဇွန်လမှ စတင်ပြီး ဒီကနေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသူ  ၄၀ ကျော်ထိရှိလာပြီလို့လည်းသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly