တရုတ်တပ်ဖွဲ့များက ထိုင်ဝမ်ပိုင်နက်အတွင်း ကျူးကျော်မှုများ ပြုလုပ်သောကြောင့် တင်းမာမှုများ မြင့်တက်လာ

By Just Earth News
09 July 2021
တရုတ်တပ်ဖွဲ့များက ထိုင်ဝမ်ပိုင်နက်အတွင်း ကျူးကျော်မှုများ ပြုလုပ်သောကြောင့် တင်းမာမှုများ မြင့်တက်လာ

တရုတ်တို့က ထိုင်ဝမ်တို့၏ လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သလို တရုတ်ပြည်သူ့လွတ်မြောက်ရေး ရေတပ် (PLAN) ကလည်း ဇူလိုင် ၄ ရက်တွင် ၎င်းတို့၏ Type 052D ဖျက်သင်္ဘောအသစ်ကို စတုတ္ထ အကြိမ်မြောက် စေလွှတ်ခဲ့သည်။

ယခုကဲ့သို့ ကျူးကျော်ဝင်ရောက်ခြင်းအပေါ် ထိုင်ဝမ်က ရေဒီယိုမှတစ်ဆင့် တရုတ်အစိုးရကို သတိပေးခဲ့သလို PLAAF လေယာဉ်ကို လေကြောင်းကာကွယ်ရေး ရေဒါဖြင့် စောင့်ကြည့်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန၏ တွစ်တာတွင် ရေးသားထားမှုကို Eurasian Times သတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်လေယာဉ်များသည် ထိုင်ဝမ်လေကြောင်း ပိုင်နက်နှင့် ကပ်လျှက်နေရာအတွင်းသို့ ဇွန်လအတွင်း ၁၀ ကြိမ်၊ မေလတွင် ၁၈ ကြိမ်၊ဧပြီလတွင် ၂၂ ကြိမ်၊ မတ်လတွင် ၁၈ ကြိမ်၊ဖေဖော်ဝါရီတွင် ၁၇ ကြိမ်၊ ဇန်နဝါရီတွင် ၂၇ ကြိမ် အသီးသီး ဝင်ရောက်ခဲ့ကြောင်း Eurasian Timesက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly