တရုတ်ဟက်ကာများက အိန္ဒိယဗဟိုဘဏ်အသုံးပြုသူများကို လှည့်စားလိမ်လည် မှုများ လုပ်ဆောင်နေ

တရုတ်ဟက်ကာများက အိန္ဒိယဗဟိုဘဏ်အသုံးပြုသူများကို လှည့်စားလိမ်လည် မှုများ လုပ်ဆောင်နေ

တရုတ်ပြည်မှ ဟက်ကာများက အိန္ဒိယဗဟိုဘဏ် (SBI) အသုံးပြုသူများ၏ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်များကို လိမ်လည်တောင်းခြင်း၊ ဝက်ဘ်ဆိုက် လင့်ခ်တစ်ခုခုကို အသုံးပြုကာ ၎င်းတို့၏ KYC ကို အသစ်တင်ခြင်းနှင့် ရူပီး သိန်း ၅၀ အထိ တန်ဖိုးရှိ လက်ဆောင်များကို ဘဏ်မှရရှိမည်ဟု WhatsApp ဆက်သွယ်ရေး အပလီကေးရှင်းမှတစ်ဆင့် မက်ဆေ့ချ်များ ပေးပို့နေခြင်းကြောင့် ဗဟိုဘဏ်အတွက် ပြဿနာအသစ်များ ထပ်မံကြုံတွေ့နေရကြောင်း ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ သုတေသီများက ဇူလိုင် ၇ ရက်တွင် သတိပေးလိုက်သည်။

စမတ်ဖုန်း အသုံးပြုသူအချို့ကို SBI အမည်ဖြင့် ယင်းကဲ့သို့ လုပ်ဆောင်သည့် ဖြစ်ရပ် ၂ ခုအား နယူးဒေလီ အခြေစိုက် CyberPeace Foundation ၏ သုတေသနအဖွဲ့နှင့် Autobot Infosec Pvt Ltd တို့က တွေ့ရှိခဲ့ကြောင်း ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly