ဒေါ်သက်သက်ခိုင်၏ ရွှေနန်းတော် ရွှေဆိုင်တွင် ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်သားများလမ်းပိတ်စစ်ဆေးနေ

ဒေါ်သက်သက်ခိုင်၏ ရွှေနန်းတော် ရွှေဆိုင်တွင် ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်သားများလမ်းပိတ်စစ်ဆေးနေ

ဇူလိုင် ၈

ရန်ကုန်မြို့၊ လမ်းမတော်လမ်းနဲ့မဟာဗန္ဓုလလမ်းထောင့်ရွှေနန်းတော်စိန်ရွှေရတနာအရောင်းဆိုင်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ကာ လူထိခိုက်မှုရှိကြောင်းသိရသည်။ 

ဒီကနေ့ ဇူလိုင်လ ၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲပြီး ဆိုင်အတွင်းရှိ အရောင်းဝန်ထမ်းအမျိုးသမီး ထိခိုက်ဒဏ်ရာရသည်ဟုအနီးအနားကနေထိုင်သူတစ်ဦးက ပြောသည်။ 

“စိန်ရွှေရတနာဆိုင်(သက်သက်ခိုင်)ဆိုင်ဗုံးပေါက်သွားတာဟုတ်ပါတယ်၊ လက်ပစ်ဗုံးပစ်ထည့်သွားတာလို့သိရပါတယ်၊ မှန်တွေလဲ လမ်းပေါ်မွစာကျဲကုန်တယ်၊ ရွှေနန်းတော်ဆိုင်နားမှာခု ရဲခွေး၊စစ်ခွေးတွေရောက်လာပြီ၊ လူတစ်ယောက်ထိတယ်လို့တော့ကြားတယ်၊ဝန်ထမ်းဖြစ်မယ်ထင်တယ်၊ ကောင်မလေးတစ်ယောက်ပဲ၊ ခုဟိုဘက်ထိပ် ဒီဘက်ထိပ် လမ်းပိတ်ပြီး စစ်ဆေးနေကြတယ်” လို့ပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင် ပိုင်ဆိုင်သော အဆိုပါ စိန်ရွှေရတနာအရောင်းဆိုင်ကို လက်ရှိအချိန်တွင် ပိတ်ထားလိုက်ပြီးစစ်ဆေးမှုတွေပြုလုပ်နေကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required