တောင်ကိုရီးယား အဆိုတော် Psy ၏ “Gentleman” တေးဂီတဗီဒီယိုသည် မကြာသေးမီက ကြည့်ရှုသူ သန်း ၉၀၀ ကျော် ရှိခဲ့ကြောင်းနှင့် ယင်းတေးဂီတဗီဒီယိုသည် ၂၀၁၃ ခုနှစ် ဧပြီလက ထွက်ရှိခဲ့ခြင်း ဖြစ်သည်။
“Gentleman” တေးဂီတဗီဒီယိုသည် ထွက်ရှိသည်မှာ နှစ်နှစ်ကျော် ကြာပြီဖြစ်သော်လည်း လူကြိုက်များမှုများ အများအပြား ရရှိနေဆဲဖြစ်သည်။ ဒီဇင်ဘာ ၇ ရက်အထိ “Gangnam Style” တေးဂီတ ဗီဒီယိုသည် ကြည့်ရှုသူ ၂ဒသမ ၄ ဘီလျံကျော်ရှိခဲ့ပြီး Psy၏ သတ္တမမြောက် တေးသီချင်း အယ်လ်ဘမ် “Chiljip Psy-da” မှ ခေါင်းစဉ်တေးသီချင်း “Daddy” တေးသီချင်းသည် ကြည့်ရှုသူ ၃၁ သန်းကျော် ရှိခဲ့သည်။
Psy သည် “All – night Stand” နှစ်ကုန်ဖျော်ဖြေပွဲကို ဆိုးလ်မြို့ရှိ Olympic Gymnastics Arena တွင် ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။