ဒေါက်တာဆာဆာမှ NUG အစိုးရ၀န်ကြီးများနှင့်အတူ ဂျပန်ပါလီမန်အမတ်များအား ဒုတိယအကြိမ်ဆွေးနွေးမည်

ဒေါက်တာဆာဆာမှ NUG အစိုးရ၀န်ကြီးများနှင့်အတူ ဂျပန်ပါလီမန်အမတ်များအား ဒုတိယအကြိမ်ဆွေးနွေးမည်

ဇူလိုင် ၆

ဒေါက်တာဆာဆာမှ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၀န်ကြီးများနှင့်အတူ ဂျပန်ပါလီမန်အမတ်များ၊ ပါမောက္ခများအား ဒုတိယအကြိမ်အဖြစ် ယနေ့ ဇူလိုင်လ ၆ ရက် နေ့လည် ၁ နာရီခွဲအစည်းအ‌ဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနမှထုတ်ပြန်ထားသည်။ 

ဂျပန်ပါလီမန်သည် မြန်မာနိုင်ငံတွင်လူမျိုးတုံးသတ်ဖြတ်သော အကြမ်းဖက်စစ်ကောင်စီကို ရှုတ်ချသည့်ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး မြန်မာနိုင်ငံနှင့်ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် အားလုံးပါ၀င်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ပြန်လည်ထူထောင်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဆာဆာကတောင်းဆိုခဲ့သည်။ 

ထို့ကြောင့် ဂျပန်ပါလီမန်အမတ်များနှင့် ဂျပန်လူမျိုး အစိုးရနှင့် ဒုတိယအကြိမ်‌ပြောဆိုဆွေးနွေးရန် အခွင့်အလမ်းရရှိခဲ့ခြင်းဖြစ်သည်။ 

ယခုအစည်းအဝေးတွင် ဆွေးနွေးတွေ့ဆုံမှုအပြီး ဂျပန်လွှတ်တော်မှ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည့်အပေါ်  မိန့်ခွန်းပြောကြားသွားမည်ဖြစ်၍ ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေသေးသည့် ကိစ္စရပ်များကို NUG ဘက်မှ ပန်ကြားသွားမည်ဖြစ်သောကြောင့် အထူးဆုတောင်း ကူညီပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ကြောင်း၊ ပြည်သူများ၏ ဆုတောင်းပေးမှုအား ကျေးဇူးတင်ရှိကြောင်း ဒေါက်တာဆာဆာမှ ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly