အာဏာသိမ်း စစ်ခေါင်းဆောင် ဓါတ်ပုံ မီးရှို့ ဆန္ဒပြ

03 July 2021
အာဏာသိမ်း စစ်ခေါင်းဆောင် ဓါတ်ပုံ မီးရှို့ ဆန္ဒပြ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းက ဇူလိုင် ၃ရက်၊မနက်ပိုင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဓါတ်ပုံကို မီးရှို့ ဆန္ဒပြခဲ့ပါတယ်။
အောင်မြေသာစံမြို့နယ် ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေး နေ့စဥ်ချီတက် ဆန္ဒပြနေတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ဒီနေ့လည်း ချီတက်ဆန္ဒပြခြင်းနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင် ဓါတ်ပုံကို မီးရှို့ဆန္ဒပြခဲ့တာလည်း ဖြစ်ပါတယ်။
ပြည်သူတစ်ရပ်လုံးကိုနှိပ်စက်နေတဲ့ စစ်အာဏာသိမ်းအစိုးရ ရဲ့ခေါင်းဆောင် မင်းအောင်လှိုင်အား ပြည်သူတွေခံစားခဲ့ရသလို၊ တန်ပြန်ခံစားရပါစေလို့ ကြိမ်စာတိုက်ပြီး  မီးရှို့ခဲ့ကြတာလို့ ဆန္ဒပြပွဲ ပါဝင်သူတွေကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly