နိုင်ငံရေးအာဏာရရေးအတွက် တိုက်ပွဲဝင်နေတာမဟုတ်ဘူးလို့ CDF သတိပေး

နိုင်ငံရေးအာဏာရရေးအတွက် တိုက်ပွဲဝင်နေတာမဟုတ်ဘူးလို့ CDF သတိပေး

ဇူလိုင် ၃

ချင်းပြည်နယ်နဲ့ မြန်မာပြည်အနှံ့က ချင်းလူမျိုးတွေနဲ့ဖွဲ့စည်းခဲ့တဲ့ Chinland Defense Force အနေနဲ့ နိုင်ငံရေးအာဏာရရေးအတွက် တိုက်ပွဲဝင်နေတာမဟုတ်ဘူးလို့ ထုတ်ပြန် သတိပေးပြောဆိုလိုက်တယ်။  

ဒီ့အပြင် မည်သည့်နိုင်ငံရေးပါတီအတွက်မှ တိုက်ပွဲဝင်နေတာလဲမဟုတ်ဘဲ တော်လှန်ရေးပြီးဆုံးလို့ ပြည်သူ့အစိုးရတက်ပြီဆိုရင် လက်နက်ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အကြောင်းကတော့ တချို့ဒေသတွေမှာ CDF နာမည်ကိုပယ်ဖျက်တာ၊ PDF လို့နာမည်သုံးမှ တရားဝင်ငွေကြေး လက်နက်ထောက်ပံ့တပ်ဆင်ပေးမယ်ဆိုတဲ့ မဟုတ်/ မမှန်ကိစ္စရပ်တွေကို ၂၀၂၀ ရွေးကောက်ခံချင်းလွှတ်တော်အမတ်တို့က သူတို့အာဏာတည်မြဲရေးအတွက် ပြုလုပ်နေကြလို့ဖြစ်ပါတယ်။ 

ဒီလိုမျိုး ချင်းလူငယ်တွေကို မက်လုံးပေး၊ သွေးခွဲစည်းရုံးနေတာကို စိတ်မကောင်းစွာမြင်နေရပြီး အဲ့လိုလုပ်ဆောင်နေတဲ့ ပါတီ၊ လူအုပ်စုနဲ့ လူပုဂ္ဂိုလ်တွေကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမယ်လို့လဲ အသိပေးလိုက်ပါတယ်။ 

CDF အနေနဲ့ NUG, CNF, PDF ,CNDF အစရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်ပြီး အဖွဲ့ရှိပြီးသားနေရာတွေမှာပါ PDF တွေထပ်မဖွဲ့ကြတော့ဖို့ သွေးကွဲအောင်မလုပ်ကြတော့ဖို့ကို သတိပေးထုတ်ပြန်ခဲ့တာပါ။ 

အလားတူ CDM မှာပါဝင်တဲ့ ပြည်သူ့ရဲတွေ၊ တပ်မတော်သားတွေအနေနဲ့လည်း သက်ဆိုင်ရာ မြို့နယ်အသီးသီးက CDF အပြင် ဒေသခံအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး NUG ရဲ့ တိုက်ပွဲခေါ်သံကို စောင့်ဆိုင်းပေးကြဖို့ကိုလည်း အလေးအနက်တွန်းလိုက်ပါတယ်။ 

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းနဲ့ ပြည်သူ့အစိုးရပေါ်ပေါက်လာနိုင်ဖိုအတွက်  Defense Force ကို ၂၀၂၁ ခုနှစ် ဧပြီ ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly