ပေါင်းတည်မြို့က "ဒလန်" အသတ်ခံရ

ပေါင်းတည်မြို့က "ဒလန်" အသတ်ခံရ

ဇူလိုင် ၂

စ စ်ကောင်စီတပ်ကိုသတင်းပေးမှုဖြင့် ပေါင်းတည်မြို့ ဟင်္သာကန်ရပ်ကွက်နေသူတစ်ဦးကို သောကြာနေ့နံနက်တွင် သုတ်သင်ရှင်းလင်းလိုက်ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF ကထုတ်ပြန်ထားသည်။ 

“အကြီးစားဒလန် အောင်ဆန်းဝင်း( ခ) ဂျစ်ပွေး( ရွှေအရက်ဆိုင်) အား ယနေ့ နံနက် ၆  နာရီခန့် က ပြည်ခရိုင် PDF မှ ဖောင်းဒိုင်းလိုက်ပြီ မုန့်ဟင်းခါးတစ်ပွဲ” ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
 
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့၏တော်လှန်ရေးကာလသတင်းများကို ကိုအောင်ဆန်းဝင်း ( ခ) ဂျစ်ပွေးသည် စစ်တပ်အား သတင်းပေးနေသည့် ဒလန်အကြီးစားဖြစ်သည် BDF ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

 “သူ့အိမ်မှာ စစ်သားတွေ အမြဲဝင်ထွက်တယ်၊ အရက်တွေဘာတွေ ခေါ်တိုက်တယ် ကြားတာပဲ၊ ပြီးတော့ အနားက တက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းကို အမြဲပေးတဲ့သူတဲ့” ဟုပေါင်းတည်မြို့ခံတစ်ဦးက ပြောသည်။ 

ဇွန်လ ၃၀ ရက်နေ့၊ ပေါင်းတည်မြို့နယ်၊ တောင်ပေါ်ဒေသ ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် (ခ) ဇော်လတ် သေနတ်နဲ့ ခေါင်းကို ပစ်သတ်ခံရမှုဖြစ်ပွါးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly