လုံခြုံရေးတင်းကျပ်ထားတဲ့ ကန်ကြီးထောင့်မြို့ဌာနဆိုင်ရာ ရုံးပေါင်းစုံက သစ်တောရုံးရှေ့ဗုံးပေါက်

လုံခြုံရေးတင်းကျပ်ထားတဲ့ ကန်ကြီးထောင့်မြို့ဌာနဆိုင်ရာ ရုံးပေါင်းစုံက သစ်တောရုံးရှေ့ဗုံးပေါက်

ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ အမှတ် ၃ ရပ်ကွက် ဌာနဆိုင်ရာ ရုံးပေါင်းစုံရှိရာ နေရာဖြစ်တဲ့ သစ်တောရုံးရှေ့မှာ ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ကန်ကြီးထောင့်မြို့နယ် ရဲစခန်း၊မြို့နယ်ထွေအုပ်ရုံးနဲ့ စစ်တပ်က တပ်စွဲထားတဲ့ အားကစားရုံတွေနဲ့ အနီးဆုံးနေရာမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကိုတော့ အတိအကျမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

"ညနေ ၄ နာရီလောက်က ပေါက်တာပါ၊အသံကတော့အကျယ်ကြီးပဲ စစ်တပ်က တပ်စွဲထားတဲ့နေရာနဲ့ နီးနီးလေးမှာပေါက်တာဆိုတော့ ဟိုကောင်တွေက ချက်ချင်းရောက်လာတာ၊ဘယ်သူမှသွားမကြည့်ရဲတော့ တိတိကျကျမသိရသေးဘူး"လို့ဒေသခံကဆက်လက်ပြောပါတယ်။

ဗုံးပေါက်ကွဲမှုအပြီး မိနစ်အနည်းငယ်လောက်မှာ စစ်အုပ်စုနဲ့ရဲတွေက သစ်တော ရုံးရှေ့ကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပြီး၊မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံး ထပ်မံတွေရှိခဲ့တာကြောင့် ကားတာယာတွေနဲ့အုပ်ထားခဲ့ကြပြီး ၄ နာရီ မိနစ်၅၀ လောက်မှာ ပေါက်ကွဲသွားခဲ့တယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly