အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးတို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီးတို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

ဇွန် ၂၉

အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး အက်စ် ဂျိုင်ရှန်ကာသည် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တ်နို မာဆူဒီနှင့် ဇွန်လ ၂၈ ရက်က တွေ့ဆုံခဲ့ပြီး  မြန်မာနိုင်ငံရှိ အခြေအနေများနှင့်ပတ်သက်ပြီး  ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

အဆိုပါ နိုင်ငံခြား၀န်ကြီးနှစ်ဦး တွေ့ဆုံမှုတွင် မြန်မာ့အရေးကိစ္စအပြင် ကိုဗစ်-၁၉ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေး‌နွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး မစ္စတာ ဂျိုင်ရှန်ကာသည် ၎င်း၏ ဂရိ-အီတလီ နှစ်နိုင်ငံ ခရီးစဉ်၏ ဒုတိယခရီးတစ်ထောက်အဖြစ် ဂရိကနေ အီတလီသို့ ရောက်ရှိခဲ့ပြီး ၎င်းသည် ဂျီ ၂၀ ၀န်ကြီးအဆင့် အစည်းအဝေးများ၏ ဘေးပန်းပြင်ပတွင် အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး မာဆူဒီနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

"ကျွန်တော့်ရဲ့ မိတ်ဆွေ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တ်နို နဲ့ တွေ့ရတာ အမြဲတမ်း ၀မ်းမြောက်ရပါတယ်၊ ကျွန်တော်တို့ဟာ ကိုဗစ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ အမြင်ချင်းဖလှယ် ဆွေး‌နွေးခဲ့ကြပါတယ်" ဟု အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးက တွစ်တာတွင် ရေးခဲ့သည်။

မြန်မာ့အရေး ဆွေး‌နွေးမှု အသေးစိတ်အကြောင်းအရာများကို ၎င်းက ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

အိန္ဒိယနှင့် အင်ဒိုနီးရှားတို့သည် ဇွန်လ ၂၅ ရက်က ခြောက်ကြိမ်မြောက်အလှည့် နိုင်ငံခြားရေးရုံး ဆွေး‌နွေးညှိနှိုင်းမှုကို ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ ၀န်ကြီးနှစ်ဦး တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required