အမေရိကန်နိုင်ငံသား မြန်မာအကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပန်းခံရ 

29 June 2021
အမေရိကန်နိုင်ငံသား မြန်မာအကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပန်းခံရ 

မြန်မာနိုင်ငံမှာ ၃ လကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုမောင်မောင်ထွေး (ခေါ်) ကိုနေသန်မောင်က သူကိုယ်တိုင်အပါအဝင် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံရတဲ့ လူငယ်တွေ နှိပ်စက်ညှဉ်းပန်းခံရတဲ့အကြောင်း VOA ကို ပြောပါတယ်။ 

စစ်ကောင်စီဟာ သူ့ရဲ့ အကျိုးစီးပွားကိုအန္တရာယ်ပေးသူမှန်သမျှကို ဖမ်းဆီးနှိပ်စက်နေတယ်လို့ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာတဲ့ ကိုနေသန်မောင်က ပြောဆိုသွားပါတယ်။ အတိုက်အခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဘယ်မှာ ရောက်နေတယ်ဆိုတာကို စစ်ဆေးမေးမြန်းရင်း နှိပ်စက်ညှဉ်းပန်းတာ ခံခဲ့ရတဲ့အကြောင်း မကြာခင်က ပြန်လည် လွှတ်မြောက်ပြီး အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ ကိုနေသန်မောင်က CNN ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာလည်း ပြောဆိုထားပါတယ်။ မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းမြို့နယ်မှာရှိတဲ့ ကမာရွတ်မီဒီယာ ရုံးခန်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေပြီး ကိုနေသန်မောင်ကို ဖမ်းဆီးခဲ့တာပါ။ သူ့ကို တရားစွဲခဲ့တဲ့ တရားလိုဖက်က အမှုရုပ်သိမ်း လိုက်တာ ကြောင့် ပြန်လွှတ်ပေးလိုက်တာလို့ ကိုနေသန်မောင်ရဲ့ ရှေ့နေတွေကပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly