ဘီးလင်းမြို့ မှာ သင်တန်းဆင်း Gz  ၈၅ယောက်ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား 

ဘီးလင်းမြို့ မှာ သင်တန်းဆင်း Gz  ၈၅ယောက်ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား 

ဇွန်လ ၂၆ရက်က မွန်ပြည်နယ် ဘီးလင်းမြို့မှာ KNUနယ်မြေကနေ သင်တန်းဆင်းလာတဲ့ Gen Z ၈၅ ယောက်ကို ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။ 
ဒီသတင်းတွေကို Facebookနဲ့ VKလို လူမှုကွန်ရက်တွေမှာ အကောင့်အချို့က ဖြန့်ဝေထားတာပါ။ 

ပျံ့နှံ့နေတဲ့ စာတွေမှာတော့ "ယခု ည ၈ နာရီ ခန့် KNU နယ် မှာ သင်တန်းဆင်း Gz ကျား ၇၅ + မ ၁၀ ပေါင်း.... ၈၅ ယောက် ဘီးလင်းမြို့ မှာ ဖမ်းမိ၊ သိနေတယ် နောက်ထပ် ထိုးကျွေးခံ ရမယ့် GZ တွေ၊ နားရည် မဝ တဲ့ သွေးကြွနေ တဲ့ Gz အလောင်းတွေ Fb ပေါ် မကြာခင် မြင်ရလိမ့်မယ်" ဆိုပြီးရေးသားထားပါတယ်။ 

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဘီးလင်းမြို့ခံတစ်ဦးကိုဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ရွှေတွင်းလုပ်သားတွေ ပြန်လာတာကို ဖမ်းထားတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် မွန်ပြည်နယ် သိမ်ဇရပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုလဲ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာလဲ အခုလိုပြောပါတယ်။ 

"PDF တော့ မဟုတ်ဘူးခင်ဗျ၊ သူတို့က ရွှေတွင်းကနေ ပြန်ဆင်းလာတဲ့ သူတွေလို့ ကြားတယ်၊ ရွှေစက်သူဌေးကိုလည်း ဖမ်းထားတယ် ပြောတယ်။ရွှေသားနဲ့ ငွေတွေကိုလည်း သိမ်းထားလိုက်တယ်လို့ ကြားတယ်" လို့ သိမ်ဇရပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဒါကြောင့် ဇွန် ၂၆ရက်က မွန်ပြည်နယ် ဘီးလင်းမြို့မှာ KNUနယ်မြေကနေ သင်တန်းဆင်းလာတဲ့ Gen Z  ၈၅ယောက်ကို ဖမ်းမိတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားပဲဖြစ်ပါတယ်။

#MizzimaTV​​
#MisinformationBusters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly