အိန္ဒိယအစိုးရက လူငယ် ၅၀,၀၀၀ ကို လုပ်ငန်းရှင်ဖြစ်လာစေရေးအတွက် ငွေကြေးထောက်ပံ့ပေးမည်

အိန္ဒိယအစိုးရက လူငယ် ၅၀,၀၀၀ ကို လုပ်ငန်းရှင်ဖြစ်လာစေရေးအတွက် ငွေကြေးထောက်ပံ့ပေးမည်

ဇွန် ၂၈

ကိုရိုနာဗိုင်းရပ်စ်၏  ထိခိုက်ဆုံးရှုံးစေသည့် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံရှိ ကျေးရွာများမှ လူငယ် ငါးသောင်းကျော်တို့သည် ပြုံးပျော်နိုင်မည့် အကြောင်းရင်းတစ်ခု ရှိနေသည်။

အိန္ဒိယအစိုးရသည် အစပျိုးထားသည့် Back to the Village (B2V) အစီအစဉ်ကနေတဆင့် လူငယ်များကို ကိုယ့်အားကိုယ်ကိုးနိုင်စေရန်အတွက် ဘဏ္ဍာရေး အကူအညီ ထောက်ပံ့ပေးရန် စီစဉ်လျက် ရှိသည်။

ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ  အကြီးအကဲ  မာနို ဆင်းဟာ သည် ကျေးရွာများသို့ သွားရောက်ခဲ့သည့် ၎င်း၏ ခရီးစဉ်အတွင်း ဘဏ္ဍာရေး အထောက်အပံ့အတွက် လိုအပ်မှုနှင့်ပတ်သက်ပြီး အလေးပေးပြောဆိုသွားခဲ့ပြီး လူငယ်များကို အလုပ်ရှာဖွေသူများထက်  အလုပ်အကိုင် ထောက်ပံ့ပေးသူများ ဖြစ်လာစေရန် ဖန်တီးရန်မှာ ကြီးကျယ်သည့် စိတ်ကူးတစ်ခုဖြစ်သည်ဟု ပြောခဲ့ကြောင်း Zee TV က ဖော်ပြသည်။

ယင်းသည် သေးငယ်သော ကျေးရွာများ၏ စီးပွားရေးကို တိုက်ရိုက် ထောက်ကူမြှင့်တင်ပေးနိုင်ရန်လည်း ရှိနေသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ကျေးရွာတစ်ရွာချင်းစီမှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး တို့ကို  စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာစေရန်အတွက်  ဘဏ္ဍာ‌ရေးဆိုင်ရာ ထောက်ပံ့မှုလုပ်ဆောင်ရန် ရှိနေခဲ့သည်။ လူငယ် ၁၉,၀၀၀ ကျော်ကို ကူညီပေးခဲ့ပြီးနောက်  ယခုအခါ လူငယ် ၅၀,၀၀၀ ကို ကူညီထောက်ပံ့ရန် လျာထားကြောင်း ဆင်းဟာက ပြောသည်။

ယင်းအပြင် နယ်မြေအသီးသီးတွင် လစ်လပ်အလုပ်အကိုင်နေရာ ၁၈,၀၀၀ ကျော်ကို ကြော်ငြာထားခဲ့ပြီးလည်း ဖြစ်သည်။

အများပြည်သူကဏ္ဍတွင် အလုပ်အကိုင်ပေါင်း ၂၅,၀၀၀ ကျော် ဖန်တီးပေးမည်ဟု အစိုးရက ကတိပြုထားချိန် ယခုအခါ ၎င်းတို့သည် လျာထားသတ်မှတ်ချက် ပြည့်မီတော့မည်ဖြစ်ကြောင်း ဆင်းဟာက ပြောခဲ့သည်။

တင်ဒါသွင်းခြင်း လုပ်ငန်းစဉ်ကိုလည်း ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ယင်းသည် အစိုးရက ပေးအပ်သော အကူအညီနှင့်အတူ တင်ဒါများတွင် အများဆုံး ရင်းနှီးမြှုပ်နှံမည့် လူငယ်များအတွက် အကာအကွယ်တစ်ခု ဖြစ်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly