အာဖဂန်နစ္စတန် ငြိမ်းချမ်းရေး ပြန်လည်အသက်သွင်းရာတွင် အိန္ဒိယက အရေးပါသောကဏ္ဍကနေ ပါ၀င်နေ

By Opera News
28 June 2021
အာဖဂန်နစ္စတန် ငြိမ်းချမ်းရေး ပြန်လည်အသက်သွင်းရာတွင် အိန္ဒိယက အရေးပါသောကဏ္ဍကနေ ပါ၀င်နေ

ဇွန် ၂၈

မကြာသေးသည့် ကာလအတွင်း အာဖဂန်နစ္စတန်၏ စီးပွားရေးနှင့် လူမှုဆိုင်ရာ ဖွံ့ဖြိုးရေးပိုင်းတွင် အိန္ဒိယဘက်က ကြီးကြီးမားမား ပါ၀င် လုပ်ဆောင်ထားမှုအတွက် အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် ငြိမ်းချမ်းရေးကိုယ်စားလှယ် ဇယ်လ်မေ ခါလီဇက်ဒ်က အိန္ဒိယအစိုးရကို ချီးကျူးခဲ့သည်။

အိန္ဒိယသည် ငြိမ်းချမ်း‌ရေး မစ်ရှင်တွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုကနေ ဆက်လက်ပါ၀င်လိမ့်မည်ဖြစ်ကြောင်း ခါလီဇက်ဒ်က တွစ်တာတွင် ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်သည် ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့် စီးပွား‌ရေး ကောင်းကျိုးတို့နှင့် ထိုက်တန်ပြီး ယင်းသည် အိန္ဒိယနှင့် အခြားသော နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အကူအညီကနေတဆင့် ဖြစ်ထွန်းရရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

အိန္ဒိယသည် အာဖဂန်နစ္စတန်ကို အကူအညီ ဒေါ်လာ ၂ ဘီလီယံကျော်အထိ လှူဒါန်းထားခဲ့ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အားထုတ်မှုများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့သည်။

ချစ်ကြည်ရင်းနှီးမှုကို ပြသရန် အိန္ဒိယသည် ဒေါ်လာသန်း ၉၀ ကုန်ကျသည့် အာဖဂန်ပါလီမန်နှင့် Salma ဆည်တို့ကို တည်ဆောက်ပေးခဲ့သည်။ ယင်းနှစ်ခုသည် အိန္ဒိယက အာဖဂန်နစ္စတန်ကို ပေးအပ်သည့် ပြရုပ်နှစ်ခုလည်း ဖြစ်သည်။

နှစ်နိုင်ငံသည် အင်ဒို-အာဖဂန် ဟု အမည်ရသည့် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုတစ်ခုထဲသို့ ရောက်ရှိနေပြီး ယင်းသည် စစ်ဒဏ်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေနေသည့် နိုင်ငံထံ အကူအညီပေးမှုဖြင့် အရှိန်မြန်ဆန်ထားခဲ့သည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ခါလီဇက်ဒ်သည် ငြိမ်းချမ်းရေးဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုအတွက် အမြင်သဘောထားများကို  နားထောင်ရန် ဒိုဟာတွင် အာဖဂန်နစ္စတန်အစိုးရနှင့် တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly