ငရုတ်ကောင်းမြို့က အသက် ၆၄ နှစ်အရွယ် ကိုဗစ်လူနာ အဖွားအိုသေဆုံး

ငရုတ်ကောင်းမြို့က အသက် ၆၄ နှစ်အရွယ် ကိုဗစ်လူနာ အဖွားအိုသေဆုံး

ဇွန် ၂၆

ဧရာ၀တီတိုင်းဒေသကြီး ၊ငရုတ်ကောင်းမြို့အမှတ် ၂ ရပ်ကွက်က အသက် ၆၄ နှစ်အရွယ် အဖွားအိုတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရပြီး  ဒီကနေ့ ဇွန်လ၂၆ ရက်မနက်ပိုင်းကသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

သေဆုံးခဲ့တဲ့အဖွားအို ဒေါ်ဝိုင်း ဆိုသူဟာ ဆီးချိုရောဂါ အခံရှိသူတစ်ဦးဖြစ်ပြီး ပုသိမ်မြို့မှာ ဆေးခန်းလာပြရာက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရတာပါ။ရောဂါပိုးကူးစက်ခံရပြီး ရက်ပိုင်းအတွင်း သေဆုံးခဲ့တာလို့လည်းဒေသခံတွေကပြောပါတယ်။

"ရောဂါအခံကလည်းရှိတယ် ကိုဗစ်လည်းကူးတယ်ဆိုတော့ အသက်ကြီးနေပြီလေ ဘယ်ခံနိုင်မလဲ၊အဲ့ဒီသတင်းကိုကြားပြီးကတည်း ငရုတ်ကောင်းမြို့ပေါ်ကလူတွေ အပြင်တောင်သိပ်မထွက်ကြတော့ဘူး၊စျေးသည်တွေလဲ သိပ်မလာကြတော့ဘူး"လို့ဒေသခံတစ်ဦးကပြောပါတယ်။

ငရုတ်ကောင်းမြို့ဟာ ဧရာ၀တီတိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်တဲ့မြို့တစ်မြို့ဖြစ်ပြီး သေဆုံးခဲ့တဲ့အဖွားအိုဟာ ငရုတ်ကောင်းက ပထမဆုံး ကိုဗစ်လူနာ ဖြစ်တယ်လို့လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly