စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ရဲညီအစ်ကို ၂ ဦးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ရဲညီအစ်ကို ၂ ဦးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေ

ဇွန် ၂၆

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့လို့ ထောင်ဒဏ် တစ် နှစ်စီ ချမှတ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်က ရဲ ညီအစ်​ကို နှစ်ဦးရဲ့ဖခင်ဖြစ်သူ ဦးသန့်စင်ကို အကြမ်းဖက်စစ်ကောင်စီက ဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ရပ်ရွာ ဆူပူအောင်လုပ်တယ်လို့အကြောင်းပြ  ဝရမ်းထုတ်ခဲ့တာဖြစ်ပြီး သားနှစ်ယောက်ကို ဖမ်းဆီးတဲ့အပြင် မိသားစုကိုပါ လိုက်လံဖမ်းဆီးနေပေမယ့် ဒီမိုကရေစီမရမခြင်း စစ်အာဏာရှင်ကို အဆုံးထိတော်လှန်သွားမယ်လို့ ဦးသန့်စင်ကပြောပါတယ်။

"သားနှစ်ယောက်ကို ဖမ်းသွားတုန်းက ဘာမှမဖြစ်သေးဘူး၊ သူတို့နှစ်ယောက်ကို ထောင် ၁ နှစ်စီချပြီးကတည်းက လာဖမ်းမယ်လို့ ခဏခဏ သတင်းကြားရလို့ ရှောင်နေရတာပါ၊ မတ်လကစပြီး ဝရမ်းထုတ်ထားတာလို့ ကြံခင်းမြို့ပေါ်က မိတ်ဆွေတစ်ယောက်ပြောမှ သိရတယ်၊ မိသားစုကိုပါလိုက်ပြီး အငြိုးထားနေတာ"လို့ ဦးသန့်စင်က ဆိုပါတယ်။

ရဲညီအစ်​ကို ၂ ဦးရဲ့ ဖခင်ဖြစ်သူ ဦးသန့်စင်ဟာ အကြမ်းဖက်စစ်အုပ်စုက အာဏာမသိမ်းခင်အချိန်အထိ ကျေးရွာဥက္ကဌတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး စစ်အုပ်စုက အာဏာသိမ်းပြီးချိန်မှာတော့ ရာထူးကနှုတ်ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required