ပဲခူးကာကွယ်ရေးတပ် ညောင်လေးပင်မြို့အဝင် ရဲကင်းကိုဝင်စီး စစ်သားနှင့်ရဲ ၇ဦးသေဆုံး

ပဲခူးကာကွယ်ရေးတပ် ညောင်လေးပင်မြို့အဝင် ရဲကင်းကိုဝင်စီး စစ်သားနှင့်ရဲ ၇ဦးသေဆုံး

ဇွန် ၂၃

ပဲခူးတိုင်း ညောင်လေးပင်မြို့အဝင်ရှိ ရဲကင်းစခန်းတစ်ခုကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ် (BDF)က ဇွန်လ၂၂ရက်နေ့  ည ၈နာရီ ၂၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံစစ်သားနှင့်ရဲ ခုနှစ်ဦးသေဆုံးကြောင်း ကာကွယ်ရေးတပ်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

 "ကျွန်တော်တို့ မနေ့က ရဲကင်းစခန်းတစ်ခုကို ဝင်တိုက်ခဲ့တယ်။ အဲဒါက မန္တလေးက PDF ရဲဘော်တွေအတွက် လက်တုံ့ပြန်တာပါ။ လုံခြုံရေးကြောင့် တစ်ချို့အကြောင်းအရာတွေကို ထုတ်ပြောလို့မရပါဘူး။ ကျွန်တော်တို့ပြောချင်တာက စစ်ကောင်စီကကောင်တွေ မင်းတို့ ပြည်သူတွေကို မတရားအနိုင်ကျင့် စော်ကားသတ်ဖြတ်နေရင် ငါတို့အခုလိုပြန်တုံ့ပြန်မယ်လို့ ပြောချင်ပါတယ်။ ပဲခူးမြို့က လူသေဆုံးမှု့များခဲ့သည့် ဧပြီလ ၉ ရက်နေ့ကို ကျွန်တော်တို့ဘယ်တော့မှမမေ့ဘူး "ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမယ်တင်က မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ပွဲတွင် BDF ဘက်က အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required