အဆိုတော် ရေမွန် ဆုံးပါး

အဆိုတော် ရေမွန် ဆုံးပါး
Photo-Wai Mon Oo facebook

ဇွန် ၂၃

အဆိုတော် ရေမွန်ဟာ ဒီကနေ့ ဇွန်လ ၂၃ရက်က ငှက်ဖျားရောဂါနဲ့ ဆုံးပါးသွားတာ ဖြစ်တယ်လို့ ကနဦးသိရပါတယ်။

“မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကျွန်တော်တို့ကြုံလိုက်ရပီဗျာ။ ကျွန်တော်တို့ရဲ့ Raymond ဘဝတစ်ပါးသို့ကူးပြောင်းသွားပါပီ။ စိတ်ထားကောင်းတဲ့Raymond... ကောင်းမွန်တဲ့ဘုံဘဝရောက်မှာပါ သူငယ်ချင်း ၊ Rest In Power Brother “ ဆိုပြီး Idiots အဖွဲ့ရဲ့ လူမှုကွန်ရက်မှာလည်း အဆိုတော်ရေမွန် ဆုံးပါကြောင်း ရေးသားထားပါတယ်။

အနုပညာရှင် အများစုကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ယက်တွေမှာ ရေးသားထားကြပါတယ်။

အဆိုတော် ရေမွန်ဟာ Idiots ဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်ပြီး သေဆုံးချိန်မှာ အသက် (၃၂) နှစ်အရွယ် ရှိပြီဖြစ်ပါတယ်။

သူဟာ အာဏာသိမ်းတာကို လက်မခံဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ သူတစ်ဦးဖြစ်ပြီး လွတ်မြောက်နယ်မြေမှာ ဆုံးတာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly