ကာကွယ်ဆေးကို နားရက်မထားဘဲ ထိုးပေးရန် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပြုထား

ကာကွယ်ဆေးကို နားရက်မထားဘဲ ထိုးပေးရန် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပြုထား

ကိုဗစ်-၁၉ ကို တိုက်ဖျက်ရန်နှင့် စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် အတွက် လူသန်း ၇၀ဝ ကို စက်တင်ဘာလတွင် အနည်းဆုံးပထမအကြိမ် ကာကွယ်ဆေးထိုးပေးပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ခံအားစနစ်ရရှိစေရေးအတွက် နားရက်မထားဘဲ ကာကွယ်ဆေးထိုးပေးရန် အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီးဌာနက အကြံပြုထားသည်။

“ ယနေ့အထိလူဦးရေ ၁၉၂ သန်းအား ပထမဆုံးအကြိမ်ကာကွယ်ဆေးထိုးထားပြီးဖြစ်ပြီး ၄၇ သန်းသည် အပြည့်အဝ ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးရာဌာန လစဉ်အစီရင်ခံစာတွင်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးထားပြီး လူ သန်း ၇၀ဝ ကို ကာကွယ်ဆေးထိုးပေးရန်အတွက် ခန့်မှန်းခြေအားဖြင့် ဆေး ၁ ဒသမ ၁၃ ဘီလီယံ လိုအပ်မည်ဖြစ်သည်။

ရလဒ်အနေဖြင့် တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါခုခံနိုင်သည့် ကိုယ်ခံအားရရှိနိုင်မည်ဖြစ်ပြီး စီးပွားရေးပြန်လည် နလံထမူသည် အရှိန်အဟုန်ပြန်လည်ကောင်းမွန်လာနိုင်သည်။ ဝန်ကြီးဌာန၏ အဆိုအရ အရွယ်ရောက်ပြီးသူ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ရောဂါခုခံကာကွယ်နိုင်သည့် ကိုယ်ခံအားရရှိရန်အတွက် မကြာမီ လူဦးရေ သန်း ၇၀ဝ ကို နေ့စဉ် ကာကွယ်ဆေး ၉.၃ သန်း ကာကွယ်ဆေး ထိုးပေးရမည်ဖြစ်သည်။ တစ်နေ့ ၂၄ နာရီနှုန်းဖြင့်၊ ၇ ရက်လုံးကာကွယ်ဆေးထိုးပါက တစ်နေ့လျှင် ၁၀ သန်းထိုးနိုင်မည်ဖြစ်သည်။

“ “ကာကွယ်ဆေး စီမံခန့်ခွဲမှုအတွက် နည်းပညာအသုံးပြုခြင်း၊ ကာကွယ်ဆေးထိုးဌာနများတွင် အဆိုင်းတိုးခြင်းနှင့် ကားရပ်နားနိုင်သည့်ဆိုင်များ၊ ဈေးဝယ်နေရာများ၊ ကျောင်းများ၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုစင်တာများတွင် ကာကွယ်ဆေးထိုးခြင်းဖြင့် ပိုမိုမြန်ဆန်စွာ လွှမ်းခြုံနိုင်လိမ့်မည်” ဟု အစီရင်ခံစာက ဆိုသည်။

“ ယနေ့အချိန်အထိ နေ့စဉ် အများဆုံးထိုးနိုင်သည့် နှုန်းမှာ သန်းဂဏန်းသာရှိသေးသည်။ ယင်းနှုန်းအတွက် တစ်ဆိုင်းလျှင် ၈ နာရီမှ ၉ နာရီ ကာကွယ်ဆေးထိုးရသည်။

ထို့အပြင် ရောဂါခုခံကာကွယ်နိုင်သည့် ကိုယ်ခံအားရရှိရန်အတွက် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကိုကာကွယ်ဆေးထိုးပေးခြင်းဖြင့် စားသုံးသူနှင့် ထုတ်လုပ်သူများ၏ ယုံကြည်မှုကိုမြှင့်တင်ပေးနိုင်ပြီး စီးပွားရေးတိုးတက်မှုနှုန်းကို အားဖြည့်ပေးလိမ့်မည်ဟုလည်း ထောက်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly