အိန္ဒိယတွင် အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနိုင်ဟု ကျန်းမာရေးကျွမ်းကျင်သူများ သတိပေး

အိန္ဒိယတွင် အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနိုင်ဟု ကျန်းမာရေးကျွမ်းကျင်သူများ သတိပေး

ကိုဗစ်-၁၉ တတိယလှိုင်းသည် အိန္ဒိယတွင် အောက်တိုဘာလတွင် ဖြစ်ပွားနိုင်ဖွယ်ရှိသော်လည်း နောက်ဆုံးဖြစ်ပွားမှုထက် ရောဂါထိန်းချုပ်နိုင်မှု ပိုမိုကောင်းမွန်နိုင်ပြီး ရောဂါကူးစက်မှုသည် ပြည်သူ့ ကျန်းမာရေးခြိမ်းခြောက်မှုအဖြစ် အနည်းဆုံးနောက် ထပ်တစ်နှစ်ကျော် ဆက်လက်ရှိနေဦး မည်ဟု ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြုလုပ်သည့် စစ်တမ်းတွင် ဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းမှ ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများ၊ ဆရာဝန်များ၊ သိပ္ပံပညာရှင်များ၊ ရောဂါဗေဒပညာရှင်များ၊ ကူးစက်ရောဂါဗေဒပညာရှင်များနှင့် ပါမောက္ခ ၄၀ ဦးအား ဇွန် ၃ မှ ၁၇ ရက်အတွင်း ရှောင်တစ်ခင်စစ်တမ်းကောက်ယူမှုအရ ကာကွယ်ဆေးထိုးနှုန်း သိသာစွာ မြင့်လာနိုင်ခြင်းကြောင့် ရောဂါကူးစက်မှုနှုန်းမြင့်မားခြင်းကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ဖွယ်ရှိသည်။

ခန့်မှန်းချက်ကိုဖြေကြားသူများအနက် ဖြေဆိုသူ ၈၅ ရာခိုင်နှုန်း သို့မဟုတ် ၂၄ ဦးတွင် ၂၁ ဦး က နောက်ထပ် ကူးစက်မှုလှိုင်းသည် အောက်တိုဘာလတွင်ဖြစ်ပွားလိမ့်မည်ဟု ပြောကြားခဲ့သလို ၃ ဦး ကမူ သြဂုတ်နှင့် စက်တင်ဘာ ၁၂ ရက်တွင် ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းခဲ့သည်။ ကျန် ၃ ယောက်က နိုဝင်ဘာမှ ဖေဖော်ဝါရီလအတွင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

သို့သော်ကျွမ်းကျင်သူ ၇၀ ရာခိုင်နှုန်း (သို့မဟုတ် ၃၄ ဦးတွင် ၂၄ ဦး) က ယခုဖြစ်ပွားဖြစ်ပွားနေသော ကိုဗစ်ရောဂါကူးစက်မှုနှင့် နှိုင်းယှဉ်လျှင် အသစ်ဖြစ်ပွားမှုကို ကောင်းစွာထိန်းချုပ်နိုင်ဖွယ်ရှိပြီး ယခုကူးစက်မှုဖြစ်သော ၂၀၂၀ပြည့်နှစ် ကနဦး အငယ်နည်းကူးစက်မှုစတင်ချိန်မှာပင် ကာကွယ်ဆေး၊ ဆေးဝါးများ၊ အောက်ဆီဂျင်နှင့် ဆေးရုံကုတင်များ မလုံလောက်မှုများကြောင့် အခြေအနေများပိုမိုဆိုးရွားခဲ့ရသည်။

“ပိုပြီးထိန်းချုပ်နိုင်ပါလိမ့်မယ်။ ကာကွယ်ဆေးတွေ ဆက်လက်ထွက်ရှိလာပြီး ဒုတိယလှိုင်းက ရထားတဲ့ သဘာဝကိုယ်ခံစွမ်းအား အချို့ရှိနေတာကြောင့် ရောဂါကူးစက်မှုနှုန်း လျော့နည်းသွားပါလိမ့်မယ်”ဟု အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကာကွယ်ရေးဆေးပညာသိပ္ပံဌာန (AIIMS) မှ ညွှန်ကြားရေးမှုး ဒေါက်တာ ရမ်ဒစ် ဂူလီရီယာက ပြောကြားသည်။

ယခုအချိန်အထိ အိန္ဒိယတွင် ကာကွယ်ဆေးထိုးရမည့် ခန့်မှန်းခြေလူဦးရေ သန်း ၉၅၀ ရှိသည့်အနက် ၅ ရာခိုင်နှုန်း ခန့်ကိုသာ အပြည့်အဝကာကွယ်ဆေးထိုးပေးနိုင်သေးပြီး သန်းနှင့်ချီသောသူများမှာ ရောဂါကူးစက်ခြင်းနှင့် သေဆုံးခြင်းများရှိနေသည်။

ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူအများစုက ယခုနှစ်အတွင်း ကာကွယ်ဆေးထိုးပေးမှုနှုန်း သည်သိသိသာသာများပြားလာလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း အချို့ပြည်နယ်များတွင် ပိတ်ဆို့ ကန့်သတ်ချက်များအား စောစီးစွာဖယ်ရှားနေခြင်းများကို သတိပေးခဲ့သည်။

ကလေးသူငယ်များနှင့် အသက် ၁၈ နှစ်အောက် လူငယ်များသည် တတိယလှိုင်းတွင် အန္တရာယ် ဖြစ်နိုင်မလားဆိုသည့် မေးခွန်းအပေါ် ကျွမ်းကျင်သူသုံးပုံနှစ်ပုံ သို့မဟုတ် ၄၀ တွင် ၂၆ ဦး က ဖြစ်နိုင်ကြောင်း ဖြေဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly