တရုတ်တောင်ပိုင်းတွင် ကိုဗစ် ပြန်လည် ကူးစက်မှုများကြောင့် လေယာဉ်ခရီးစဉ် ရာနှင့်ချီ၍ ဖျက်သိမ်းခဲ့ရ

တရုတ်တောင်ပိုင်းတွင် ကိုဗစ် ပြန်လည် ကူးစက်မှုများကြောင့် လေယာဉ်ခရီးစဉ် ရာနှင့်ချီ၍ ဖျက်သိမ်းခဲ့ရ

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှု တိုးမြင့်လာသောကြောင့် လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ ဖျက်သိမ်းခဲ့ရပြီး နိုင်ငံတောင်ပိုင်းမှ မြို့တစ်မြို့ကို ဝင်ထွက်သွားလာမှုများ ပိတ်ထားရသည်။

ဇွန် ၁၉ ရက်က တွေ့ရှိခဲ့သည့် ကူးစက်ခံရသူ ၆ ဦးတွင် ၂ ဦးသည် ရှန်ဇန်း မြို့မှဖြစ်ကာ ပိုရှန်နှင့် ဒေါင်ဂွမ်းမြို့များမှ တစ်ဦးစီဖြစ်ကြောင်း ဂွမ်ဒေါင်း ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြသည်။

အခြားကူးစက်ခံရသူများသည် ဂွမ်ကျိုးမြို့တော်အတွင်းမှ ဖြစ်ပြီး ယခင် ရောဂါဖြစ်ပွားဖူးသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ ဖြစ်သည်။ ယခုနောက်ဆုံး ကူးစက်ခံရသူများတွင် ရှန်ဇန်းလေဆိပ်ရှိ စားသောက်ဆိုင်မှ အသက် ၂၁ အရွယ် အမျိုးသမီးစားပွဲထိုး တစ်ဦးလည်း ပါဝင်သည်။

သူမကို Delta အုပ်စု ဗိုင်းရပ် အမျိုးအစား ကူးစက်ခံရခြင်းဖြစ်ကြောင်းနှင့် ယင်းမိန်းကလေးနှင့် ထိတွေ့သူ ၁၁၀ဦးကိုလည်း သီးခြားထား၍ စောင့်ကြည့်ရန် အမိန့်ထုတ်ပြန်ထားသည်။

ယခုကူးစက်မှုများကို တွေ့ရှိပြီးနောက် ခရီးစဉ် ၄၆၀ ကိုလည်း ဖျက်သိမ်းခဲ့ရသလို လေဆိပ်ရှိ ဈေးဆိုင်နှင့် စားသောက်ဆိုင်အများစုကိုလည်း ပိတ်ထားခဲ့ရသည်။

ရောဂါကူးစက်မှု စတင်ဖြစ်ပွားချိန်မှစ၍ ရှန်ဇန်းတွင် ပြည်တွင်းကူးစက်မှု ၄၃၀ဦးနှင့် ပြည်ပမှ ကူးစက်ခံခဲ့ရသူ ၁၁၀ဦးရှိပြီ ဖြစ်သည်။ နယ်မြေအာဏာပိုင်များအနေဖြင့် ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ရေးအား အရှိန်မြှင့် လုပ်ဆောင် လျှက်ရှိရာတွင် လူပေါင်း သန်းနှင့်ချီ၍ စစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်သည်။

လူစုလူဝေးဖြစ်ခြင်း၊ သွားလာသူများခြင်းတို့ မဖြစ်ပေါ်စေရန် မော်တော်ယာဉ်သွားလာမှုများကို ထိန်းချုပ်သွားမည်ဖြစ်သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးအား အသုံးမပြုမိ ခရီးသည်များအနေဖြင့် အစိမ်းရောက်ကျန်းမာရေး ကုဒ်နံပါတ်ကို ပြသရမည်ဟု နိုင်ငံပိုင် CCTV ရုပ်သံတွင် ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required