ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် မဖြစ်မနေ မှတ်ပုံတင်ရန် မလိုကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် မဖြစ်မနေ မှတ်ပုံတင်ရန် မလိုကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

အိန္ဒိယတွင် ကိုဗစ်ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန်အတွက် အွန်လိုင်းမှတ်ပုံတင်ခြင်းက မလုပ်မနေရ မဟုတ်ကြောင်း ကျန်းမာရေးနှင့် မိသားစုရေးရာ ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

အသက် ၁၈ နှစ်အထက် မည်သူမဆို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးသည့် အနီးဆုံး နေရာများတွင် မှတ်ပုံတင်နိုင်သလို လွယ်လင့်တကူလည်း ဝင်ရောက် ဆေးထိုးနိုင်ခြင်း ဖြစ်သည်။

သာမန်ဝန်ဆောင်မှုစင်တာများ(CSCs) တွင်လည်း Co-WIN မှတ်ပုံတင်နိုင်သည်။

ကျန်းမာရေးလုပ်သားများ သို့မဟုတ် ကျန်းမာရေး အထောက်အကူပြု ဝန်ထမ်းများကဲ့သို့ ကူညီဆောင်ရွက်ပေးသူများသည်လည်း ကျေးလက်ဒေသများနှင့် မြို့ပြဆင်ခြေဖုံးတွင် နေထိုင်သူများကို အနီးဆုံး ကာကွယ်ဆေးထိုး ဌာနများ၌ မှတ်ပုံတင်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးပေးခြင်းတို့ကို တိုက်ရိုက်ဆောင်ရွက်ပေးသည်။

၁၀၇၅ အကူအညီလိုင်းမှတဆင့် စာရင်းသွင်းခြင်းကိုလည်း လုပ်ဆောင်နိုင်သည်။

အထက်ဖော်ပြပါနည်းလမ်းများကို အထူးသဖြင့် ကျေးလက်ဒေသများတွင် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်ဒေသများတွင် ကာကွယ်ဆေးထိုးပေးခြင်းကို ညီတူညီမျှ လက်လှမ်းမီစေခြင်းကို Co-WIN တွင် ဇွန် ၁၃ ရက်အထိ လူဦးရေ ၂၈ ဒသမ ၃၆ ကုဋေ မှတ်ပုံတင်ထားခြင်းနှင့် ကွင်းဆင်းစာရင်းသွင်းခြင်းတွင် လူဦးရေ ၁၆ဒသမ ၄၅ ကုဋေ (၅၈ ရာခိုင်နှုန်း) မှတ်ပုံတင် နိုင်ခဲ့သည်။

ထို့ပြင် ဇွန် ၁၃ ရက်တွင် Co-WIN တွင် မှတ်တမ်းတင်ထားသော စုစုပေါင်းကာကွယ်ဆေး ၂၄ ဒသ ၈၄ ကုဋေ အနက် ၁၉ ဒသမ ၈၄ ကုဋေ (ကာကွယ်ဆေးအားလုံး၏ ၈၀ရာခိုင်နှုန်း နီးပါး) ကို မြေပြင်ကာကွယ်ဆေးထိုးစင်တာများသို့ ပေးပို့ပြီးဖြစ်သည်။

Co-WIN တွင် ဖော်ပြထားသည့် စုစုပေါင်း ကာကွယ်ဆေးစင်တာ ၆၉,၉၉၅ အနက်မှ ကျေးလက်နှင့် မြို့ပြ ကာကွယ်ဆေးစင်တာများမှာ ၄၉,၈၈၃ ရှိပြီး ၇၁ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly