ကိုဗစ်-၁၉ ဖြစ်ပွားမှုအတွက် တရုတ်စစ်ဆေးရေးအရာရှိများက တာဝန်ရှိသူများကို ပစ်မှတ်ထားလာ

ကိုဗစ်-၁၉ ဖြစ်ပွားမှုအတွက် တရုတ်စစ်ဆေးရေးအရာရှိများက တာဝန်ရှိသူများကို ပစ်မှတ်ထားလာ

တရုတ်ပြည်တောင်ပိုင်းရှိ ကွမ်ကျိုးမြို့မှ အရာရှိများက ဒေသတွင်း၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအတွက် တာဝန်ယူကြရမည်ဖြစ်သည်။

ကွမ်ကျိုးမြို့ရှိ ပါတီကေဒါများ၏ တာဝန်ဝတ္တရားပျက်ကွက်မှုစုံစမ်းစစ်ဆေးရန်အတွက် မြူနီစပယ်နှင့် ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း South China Morning Post သတင်းစာကို ကိုးကားပြီး Southern Daily က ဇွန်လ ၁၃ရက်က ဖော်ပြခဲ့သည်။

“ စုံစမ်းစစ်ဆေးမှုကို စည်းမျဉ်းစည်းကမ်းများ၊ ပါတီစည်းကမ်းနှင့် ဥပဒေများအရ တာဝန်ဝတ္တရားပျက်ကွက် သည့် အဆင့်မြင့်အရာရှိများနှင့် တာဝန်ရှိသူများကို ဥပဒေစည်းမျဉ်းများနှင့် အညီ စုံစမ်းစစ်ဆေးမည်” ဟု ကွမ်တုံပြည်နယ်စည်းကမ်းထိန်းသိမ်းရေး စောင့်ကြည့်ရေးအဖွဲ့၏ သတိပေးချက်ကို ကိုးကားပြီး Southern Daily က ဖော်ပြထားသည်။

မကြာသေးမီကာလများအတွင်း ကွမ်ကျိုးမြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်ခဲ့သည်။

အချို့သောဒေသများကို အစုလိုက်အပြုံလိုက် ကိုဗစ်ဗိုင်းရပ်စ်စမ်းသပ်ခြင်းနှင့် သွားလာခွင့် ပိတ်ဆို့ခြင်းများကို မကြာသေးမီက ပြုလုပ်ခဲ့သည်။

မေလနှောင်းပိုင်းကတည်းက အိန္ဒိယတွင် ပထမဆုံးတွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲဖြစ်သော Delta ဗိုင်းရပ်စ်သည် ရောဂါဖြစ်ပွားမှု များပြားလာရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။ Delta ဗိုင်းရပ်စ်မျိုးကွဲသည် အလွန်ကူးစက်မြန်ကြောင်း CNBC မှ သတင်းဖော်ပြခဲ့သည်။

နောက်ဆုံးရောဂါကူးစက်မှုအတွင်း ကွမ်တုံပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၁၀ဝ ကျော်ရှိသည့်အနက် ကူးစက်ခံရသူ ၉၆ ဦးသည် လူဦးရေ ၁၅ သန်းကျော်နေထိုင်သော ကွမ်ကျိုးမြို့တော်မှ ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ၏ မူလအစသည် တရုတ်နိုင်ငံဖြစ်သည်ဟု ယူဆထားကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly