ထိရောက်မှု ၉၀ ရာခိုင်နှုန်းရှိသည့် အမေရိကန်၏ Novavax ကိုဗစ် ကာကွယ်ဆေးကို အိန္ဒိယတွင် စတင်ထုတ်လုပ်

ထိရောက်မှု ၉၀ ရာခိုင်နှုန်းရှိသည့် အမေရိကန်၏ Novavax ကိုဗစ် ကာကွယ်ဆေးကို အိန္ဒိယတွင် စတင်ထုတ်လုပ်

နာနိုအမှုန်ပရိုတိန်းအခြေခံ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် အဆင့် ၃ စမ်းသပ်ကုသမှုသည် ၉၀ ဒသမ ၄ ရာခိုင်နှုန်းအထိ အောင်မြင်ကြောင်း အမေရိကန်အခြေစိုက် Novavax ကုမ္ပဏီက ထုတ်ပြန်ထားသည်။

အဆိုပါ ကုမ္ပဏီ၏ အိန္ဒိယမှ မိတ်ဖက်ဖြစ်သည့် Serum Institute of India (SII) သည်လည်း ကာကွယ်ဆေးကို Covovax ဟု အမည်ပေးကာ စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။

စင်တာ အနေဖြင့် ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း Covovax ကာကွယ်ဆေး သန်း ၂၀၀ ကို ထုတ်လုပ်သွားရန် မျှော်လင့်ထားသည်။

အမေရိကန်ဆေးဝါးနှင့် အစားအစာ ကြီးကြပ်ရေးဌာနက နောက်ဆုံးစမ်းသပ်နေသည့် ကာကွယ်ဆေးကို အသိအမှတ်ပြုပြီးပါက တင်သွင်းခွင့် ပေးသွားမည်ဖြစ်သည်။

NVX-CoV2373 ဟု အမည်ပေးထားသည့် ကာကွယ်ဆေးသည် အသင့်အတင့် ပြင်းထန်သည့် ရောဂါအတွက် ၁၀၀ ရာခိုင်နှုန်းနှင့် ပြင်းထန်သည့် ရောဂါ ၉၀ ဒသမ ၄ ရာခိုင်နှုန်း ထိရောက်မှုရှိကာ စမ်းသပ်မှု၏ နောက် ဆုံး သတ်မှတ်ချက် PREVENT-19 အဆင့်သို့ ရောက်ရှိနေပြီဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Novavax ကုမ္ပဏီက ကာကွယ်ဆေးကို ယခုနှစ်၏ နောက်ဆုံး ၄လအတွင်း သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြသွားမည် ဖြစ်ပြီး အတည်ပြုချက်ရရှိပါက ယခုနှစ် နောက်ဆုံး ၄ လအတွင်း တစ်လလျှင် အလုံးရေ သန်း ၁၀၀ ခန့်နှင့် နောက်ဆုံး ၃ လပိုင်းတွင် တစ်လလျှင် အလုံးရေ သန်း ၁၅၀ ခန့်ကို ထုတ်လုပ်သွားနိုင်မည်ဖြစ်သည်။

ပူနေးတွင်ရှိသော မိတ်ဖက်ကုမ္ပဏီဖြစ်သည့် SII သည် တစ်လလျှင် Covovax ကာကွယ်ဆေး လုံးရေ သန်း၅၀ ထုတ်လုပ်နေသောကြောင့် သတ်မှတ်ပမာဏ ရရှိရန် အထောက်အပံ့ ဖြစ်စေနိုင်သည်။

SII ၏ အမှုဆောင်အရာရှိချုပ် အေဒါပွန်နာဝေါ်လာက လွန်ခဲ့သည့် လများက အမေရိကန်မှ ကုန်ကြမ်းမရှိသောကြောင့် Covovax ဆေး ထုတ်လုပ်မှု အပေါ် ထိခိုက်ခဲ့ကြောင်း ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly