ငပုတောမြို့မရဲစခန်းက ရဲအရာရှိ ၂ ဦးနဲ့ အချုပ်သား ၁ ဦး COVID-19 ကူးစက်ခံရ

ငပုတောမြို့မရဲစခန်းက ရဲအရာရှိ ၂ ဦးနဲ့ အချုပ်သား ၁ ဦး COVID-19 ကူးစက်ခံရ

ဇွန် ၁၆

COVID-19 ဒုတိယလှိုင်းအထိ လူမှုရေးအသင်းအဖွဲ့တွေနဲ့ မြို့ခံတွေ ညီညွတ်မှုအားကောင်းမွန်တာကြောင့် ကိုဗစ်ရောဂါပိုးတွေ့ရှိရတဲ့ မြို့တွေအနက် အနည်းဆုံးဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်း ငပုတောမြို့မှာ ဇွန်လ ၁၅ရက်နေ့ ကျန်းမာရေးစစ်ဆေးချက်တွေအရ COVID-19 အတည်ပြုလူနာ သုံးဦးတွေ့ရှိခဲ့ပါတယ်။

ငပုတောမြို့မရဲစခန်းက အချုပ်သားအချို့ကို ကျန်းမာရေးစစ်ဆေးရာမှာ အချုပ်သားတစ်ဦးထံမှာ COVID-19 ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိရပြီးနောက်မှာ ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်ကြပ်တစ်ဦးထံမှာ ရောဂါကူးစက်ခံထားရတာကို ထပ်မံတွေ့ရှိရတာပါ။

အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ဆက်စပ်တွေကိုတော့ ဆက်လက်စစ်ဆေးဖို့ လုပ်ဆောင်နေကြပြီး၊ ရောဂါကူးစက်ခံရတဲ့ ဒုရဲအုပ်နဲ့ရဲတပ်ကြပ်ဟာ ကာကွယ်ဆေးထိုးနှံပြီးသူတွေလဲ ဖြစ်တယ်လို့ ဒေသခံတွေကပြောပေမယ့် မဇ္ဈိမ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly