အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကင်းမကျေးရွာကို မီးရှို့

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကင်းမကျေးရွာကို မီးရှို့

ဇွန်-၁၅

မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်တောင်ပိုင်းရှိ ကင်းမကျေးရွာကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တွေက ဇွန်လ ၁၅ရက်၊မွန်းလွဲ ၃နာရီကျော်မှာ ဝင်ရောက် ပစ်ခတ် မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"စစ်ကောင်စီဘက်က ရွာလုံးကျွတ်မီးရှို့ နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကြည့်ငိုတောင်မှာ ဒလန်တချို့သတ်ဖြတ်ခံရမှုနဲ့ဆက်စပ်နေတယ်။"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း"ပုံတွေကတော့အဝေးကရိုက်ထားကြတာဗျ။ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်ကဖြစ်တာ။ အခုရွာကလူတွေအကုန်ထွက်ပြေးနေရပြီဗျ။"လို့ပြောပါတယ်။

ညနေ ၅နာရီကျော်တဲ့အထိ မီးလောင်နေဆဲဖြစ်ပြီး အကြမ်းဖက်လက်နက်ကိုင်အဖွဲ့လည်း ရှိနေသေးတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပေါက်မြို့နယ်  ကြည့်ငိုတောင်မှာ ဒလန်အချို့ သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က အနီးပတ်ဝန်းကျင်ကကျေးရွာတွေကို ဝင်ရောက် စီနင်းပြီး အခုလို မီးရှို့တာတွေ လုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly