ဒီပဲယင်းမြို့နယ်ကို စစ်တပ်က ဝင်ရောက်စီးနင်း

ဒီပဲယင်းမြို့နယ်ကို စစ်တပ်က ဝင်ရောက်စီးနင်း
(ဒီနေ့ ဒီပဲယင်းမြို့နယ်က ထွက်ပြေးခဲ့ရတဲ့ ဒေသခံအချို့) ဓာတ်ပုံ - FB

ဇွန် ၁၄

ဒီပဲယင်းမြို့နယ်က ကျေးရွာတွေကို ဒီကနေ့ နေ့လည်ပိုင်းစတင်ပြီး အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်တပ်တွေက ဝင်ရောက်စီးနင်းတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ် ကြည်ရွာ၊ ဆပ်ပြာကျင်းနဲ့ ဘုတ်ရွာ အနီးမှာ ဒေသခံ PDF တပ်နဲ့  အင်အား နှစ်ရာလောက်ရှိတဲ့ စစ်ကောင်စီတပ်တွေအကြား  နေ့လည် ၁၂ နာရီလောက်မှာ တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ ဒီပဲယင်းး PDF က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်မှာလည်း နဂါးဘိုရွာ၊ အင်ပင်ရွာနဲ့ ကိုင်းကန်ရွာအနီးမှာ ဒေသခံ PDF နဲ့ အင်အား ရှစ်ဆယ်လောက်ရှိတဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေ ရှိပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ 

ဒီပဲယင်း PDF ရဲ့ ထုတ်ပြန်ချက်အရ PDF တပ်ဖွဲ့ဝင် တစ်ဦး ဝမ်းဗိုက် ကျဉ်ထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဖြစ်ခဲ့တဲ့ ဒီပဲယင်းမြို့နယ် အနီးတဝိုက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတချို့ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီခေါ်ဆောင်သွားတာ ရှိတယ်လို့လည်း သိရပါတယ်။ 

ဒီပဲယင်းမြို့နယ်ဖြစ်စဉ်ကို မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ရရှိလာတဲ့ သတင်းတွေကို ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly