စစ်တပ်အာဏာသိမ်းတာကို ရှုတ်ချပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ G7 နိုင်ငံတွေ တောင်းဆို

စစ်တပ်အာဏာသိမ်းတာကို ရှုတ်ချပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ G7 နိုင်ငံတွေ တောင်းဆို

ဇွန် ၁၄

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အပြင်းအထန်ရှုတ်ချပြီး မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကမ္ဘာ့စက်မှုအင်အားကြီး ခုနှစ်နိုင်ငံ G7 ခေါင်းဆောင်တွေက တောင်းဆိုလိုက်တယ်လို့ အိမ်ဖြူတော်အစိုးရက ထုတ်ပြန်ပါတယ်။

ဗြိတိန်နိုင်ငံမှာ မနေ့က ကျင်းပပြီးစီးခဲ့တဲ့ G7 နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပြီး အချက် (၅) ချက်ကို G7 နိုင်ငံခေါင်းဆောင်တွေက ထည့်သွင်းတောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းမှ စဉ်းစားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောထားတဲ့ အာဆီယံထိပ်သီး အစည်းအဝေးရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ G7 နိုင်ငံခေါင်း ဆောင်တွေက တိုက်တွန်းထားပါတယ်။

အာဏာသိမ်း စစ်တပ်ကို လက်နက် မရောင်းဖို့ နဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ရပ်ဆိုင်းထားဖို့ သဘောတူညီထား တာကို ထပ်မံအတည်ပြုပြီး အခြားနိုင်ငံတွေလည်း အဲဒီသဘောတူညီချက်ကို လိုက်ပါဆောင် ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့်ပြုဖို့လည်း ကမ္ဘာ့စက်မှုအင်အားကြီး ခုနှစ်နိုင်ငံ G7 ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required