ဟောင်ကောင်ကျောင်း ၈၀ ရာခိုင်နှုန်းတွင် နိုင်ငံတော်လုံခြုံရေးဥပဒေ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရန် ခက်ခဲမည်

By ANI
11 June 2021
ဟောင်ကောင်ကျောင်း ၈၀ ရာခိုင်နှုန်းတွင် နိုင်ငံတော်လုံခြုံရေးဥပဒေ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရန် ခက်ခဲမည်

ကလေးငယ်များအား မျိုးချစ်စိတ်ဓာတ် ထည့်သွင်းပေးရန် နိုင်ငံတော်လုံခြုံရေးဥပဒေတွင် ပါဝင်သည့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရေးသည် အလွန်ခက်ခဲကြောင်း ဟောင်ကောင်ရှိ ကျောင်း ၈၀ ရာခိုင်နှုန်းနီးပါးက စစ်တမ်းတစ်ခုတွင် ဖြေဆိုခဲ့သည်။

စစ်တမ်းကောက်ယူခဲ့သည့် ကျောင်း၂၁၈ ကျောင်းအနက် မူကြိုကျောင်း၊ မူလတန်းနှင့် အလယ်တန်းကျောင်းများ၏ ထက်ဝက်ကျော်ကသာ အမျိုးသားပညာရေးသင်ကြားရန် အဆင်သင့်ဖြစ်နေသေးကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

Shine Tak ဖောင်ဒေးရှင်း၏ ဒု-ဥက္ကဌ တုန်ဆွာချိုင်က “ ကျောင်း ၈၀ ရာခိုင်နှုန်းနီးပါးက နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ပညာရေးကို သင်ကြားရာမှာ အခက်အခဲအချို့ရှိတာကို ကျွန်တော်တို့ သတိပြုမိခဲ့ပါတယ်။ ဆရာတွေက အမှားအယွင်းတွေ သင်ကြားမိမှာကို စိုးရိမ်နေကြတယ်” ဟု သူက ထပ်လောင်းပြောကြားသည်။

အာဏာပိုင်များအပေါ် ပြည်သူလူထု၏ ဝေဖန်မှုများကို နှိပ်ကွပ်မည့် ဆိုးရွားပြင်းထန်သော လုံခြုံရေးဥပဒေကို ပြဌာန်းပြီးနောက် ဟောင်ကောင်တွင် ကျောင်းသားများ ကျောင်းထွက်ခြင်းများ ရှိလာကြောင်း ထင်ရှားသည့် ဆရာများသမဂ္ဂ၏ ပြောကြားချက်ကို ကိုးကား၍ VOA သတင်းဌာနက ဖော်ပြသည်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် မိဘများသည် ပြည်ပသို့ ထွက်ခွာသွားကြသလို အသစ်ဖွဲ့စည်းထားသော နိုင်ငံတော် လုံခြုံရေးအဖွဲ့မှ ရဲများသည် ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားနေသော လူများအားဖမ်းဆီးခဲ့သည်ဟု ရဲနည်းဗျူဟာယူနစ် အကြီးအကဲ ဖန်ဝေဝါးက ပြောသည်။

ဟောင်ကောင်ပြည်သူများအားနှိပ်ကွပ်ရန် အာဏာပိုင်များအား လုပ်ပိုင်ခွင့်အများအပြားပေး အပ်ထားသည့် ဆိုးရွားပြင်းထန်သော နိုင်ငံတော် လုံခြုံရေးဥပဒေပြဌာန်းပြီးသည့်နောက် ဟောင်ကောင်ကျောင်းများမည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည့် ဖေဖော်ဝါရီလက စည်းမျဉ်းအသစ်များပြဌာန်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required