ဂျပန်က ထိုင်ဝမ်သို့ ဗြိတိန်ထုတ် ကိုဗစ်ကာကွယ်ဆေး ၁ သန်းကျော် ပေးမည်

ဂျပန်က ထိုင်ဝမ်သို့ ဗြိတိန်ထုတ် ကိုဗစ်ကာကွယ်ဆေး ၁ သန်းကျော် ပေးမည်

ဗြိတိန်နိုင်ငံ AstraZeneca PLC.မှ ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး ၁ ဒသမ ၂၄ သန်းကို ဂျပန်နိုင်ငံက ထိုင်ဝမ်သို့  ပေးပို့သွားမည်ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးများကို ဇွန် ၁၁ ရက်တွင် လေယာဉ်ဖြင့် ပို့ပေးမည်ဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

“ဇူလိုင်လမှာ ပြည်တွင်းအတွက် မထုတ်လုပ်နိုင်ချိန်အထိ ထိုင်ဝမ်က (ကာကွယ်ဆေး) အမြန်လိုအပ်နေပါပြီ” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမီဆုမိုတေဂီက သတင်းဌာနသို့ ပါလီမန်တွင် ပြောကြားခဲ့သည်။

မေလမှစ၍ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု မြင့်တက်လာသည့် ထိုင်ဝမ်က ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေးတွင် တရုတ်ကြောင့် အခက်အခဲများ ရှိနေကြောင်း ပြစ်တင်ပြောကြားထားသည်ဟု ကျိုဒိုသတင်းတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly