မြောင်းမြမြို့ ကွယ်လွယ်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းမအပ်တဲ့ မိသားစုတွေကို လိုက်ခြိမ်းခြောက်

မြောင်းမြမြို့ ကွယ်လွယ်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းမအပ်တဲ့ မိသားစုတွေကို လိုက်ခြိမ်းခြောက်

ဇွန် ၁၀

ဧရာဝတီတိုင်း မြောင်းမြမြို့ ကွယ်လွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ပိုင်စိုးက ကလေးတွေကိုကျောင်းအပ်ခြင်းမရှိတဲ့ မိသားစုတွေကို အထက်က ခိုင်းလို့ဆိုကာ လိုက်လံခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအတွင်း ကျောင်းနေအရွယ်ကလေးရှိတဲ့ နေအိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ ဘာ့ကြောင့် ကျောင်းမအပ်တာလဲ ကျောင်းမအပ်ရင် ကျောင်းငါးနှစ်နားရမယ်လို့ လိုက်လံခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

“အမည်တွေ အလုပ်အကိုင်တွေကအစ သေချာမေးတယ် အထက်က မေးခိုင်းလို့မေးတာဆိုပြီးပြောတယ် ဘာ့ကြောင့် ကျောင်းမအပ်တာလဲလို့မေးတယ် ကျောင်းမအပ်ရင် ကျောင်းငါးနှစ်နားရမယ်လို့ ပြောတယ်၊ ကိုဗစ်ကြောက်လို့ မအပ်တာလို့ပြောလိုက်တယ်၊ အခုလို နိုင်ငံရေးမတည်ငြိမ်ချိန်မှာ ကိုဗစ်ကလဲ ဘာမှန်းမသိချိန်မှာတော့ ကလေးတွေကို ကျောင်းမထားနိုင်ဘူး၊ သူတို့က အခုလိုလာပြောတော့ လန့်တော့ လန့်တယ်၊ပြီးတော့ အစ်မတို့ ကွယ်လွယ်ကျောင်းက ပိုဆိုးတယ် ဒလန်ကျောင်း ပြည်ခိုင်ဖြိုးရွာ ပြည်ခိုင်ဖြိုးကျောင်းလို့ပြောလို့ရတာ အဲ့ဒါမို့ မအပ်ရဲဘူးလေ”လို့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly