နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်များတောင်းဆို

နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်များတောင်းဆို
Photo - AFP

ဇွန် ၇

နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်နှင့် ထိန်းမနိုင်သိမ်းမရဖြစ်နေသောအခြေအနေများ အဆုံးသတ်သွားစေရန် အကောင်အထည်ဖော်မှုမြင်တွေ့လိုကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ကိုယ်စားလှယ်များက မြန်မာစစ်အုပ်စုကို တောင်းဆိုလိုက်သည်။

ဧပြီလက အဖွဲ့ဝင် ၁၀ နိုင်ငံပါသောအာဆီယံအကြား အချက်ငါးချက်ပါသော သဘောတူညီချက်ကိုချမှတ်ခဲ့သော်လည်း မြန်မာစစ်ခေါင်းဆောင်များက အလေးထားမှုအနည်းငယ်သာပြသခဲ့ကြောင်း အာဆီယံက ဆိုသည်။ အာဆီယံ၏အချက်ငါးချက်ထဲတွင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်ရန်နှင့် အထူးကိုယ်စားလှယ်တစ်ဦးခန့်ထားရေးတို့ပါဝင်သည်။ 

အာဆီယံအထူးကိုယ်စားလှယ်များသည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

အာဆီယံ၏ ဇွန်လ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တွင် အချက်ငါးချက်ကိုအကောင်အထည်ဖော်ခြင်းဖြင့် ပြည်သူလူထု၏အကျိုးစီးပွားကိုရှေ့ရှု့သောငြိမ်းချမ်းစွာဖြေရှင်းမှုရရှိအောင် အလည်အပတ်သွားရောက်ရခြင်းဖြစ်သည်ဟု ပါရှိသည်။ 

ကြေညာချက်တွင် အဖွဲ့ဝင်နိုင်ငံအများစုကထောက်ခံခဲ့သော အမျိုးသမီးများ၊ ကလေးများနှင့် နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရန်လည်း တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required