မြောင်းမြမှာ အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းမတိုင်ရင် ထောင်ချမယ်လို့ ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်း

မြောင်းမြမှာ အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းမတိုင်ရင် ထောင်ချမယ်လို့ ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်း

ဇွန် ၇

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ အကြမ်းဖက်စစ်ကောင်စီက ခန့်ထားတဲ့ အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ဦး(ခ) မိုက်ကယ်က ရပ်ကွက်အတွင်း အိမ်ထောင်စုစာရင်းမရှိတဲ့ အိမ်တွေကို ဧည့်စာရင်းမဖြစ်မနေတိုင်ဖို့ ဧည့်စာရင်းမတိုင်ရင် ထောင် ခြောက်လ ချခံရမယ်လို့ ခြိမ်းခြောက်ပြီး အိမ်ထောင်စု တစ်စုကို ငွေ ၅၀၀၀ စီတောင်းခံနေတယ်လို့ သိရပါတယ်။

“အမှတ်(၈)အုပ်ချုပ်ရေးမှူးက အရင်က ဦးကျော်မျိုးသန်း၊ သူက CDMလုပ်ပြီး အလုပ်ထွက်သွားလို့ အဲမိုက်ကယ်ဆိုတဲ့သူက စကစ ကတောင် မခန့်ရသေးဘူး ငါအုပ်ချုပ်ရေးမှူးလုပ်မယ်ဆိုပြီး တက်လုပ်တာ၊ အရင်က အရက်ဖြူရောင်းနေတာ သူ့သမီးက WYရောင်းလို့ ထောင်ကျနေတာ၊ စကစက သူ့ကိုခန့်ပြီး ထောင်ကျနေတဲ့ သူ့သမီးကိုပါ ပြန်လွှတ်ပေးတယ်၊ ဧည့်စာရင်းစစ်တယ်ဆိုပြီး အိမ်တွေကို လိုက်ဒုက္ခပေးတယ် ပြီးတာ့ ပိုက်ဆံအမြဲတောင်းတယ်၊ ရပ်ကွက်သာရေး နာရေးနဲ့ အရောင်းအဝယ်လု်ပနေသူတွေကိုပါ ဆက်ကြေးပုံစံ ပိုက်ဆေံတောင်းနေတာ သူက စကစနဲ့ပေါင်းပြီး လုပ်စားနေတာ၊ မြောင်းမြက အုပ်ချုပ်ရေးမှူးတွေထဲမှာ ရွှေသီး၊မိုက်ကယ်၊မျိုးအောင်ဆိုတာ ဒလန်အကြီးစားတွေ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြောင်းမြမြို့မှာ ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွါးပြီးနောက် အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂၀ကျော်ထိကို ဖမ်းဆီးထားကာ နှိပ်စက်ဝန်ခံခိုင်းခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required