အီသီယိုးပီးယားက ဆက်သွယ်ရေး လုပ်ငန်းတင်ဒါခေါ်ရာတွင် တရုတ်ကို ပယ်ချပြီး အမေရိကန်ကို ရွေးချယ်

By Just Earth News
07 June 2021
အီသီယိုးပီးယားက ဆက်သွယ်ရေး လုပ်ငန်းတင်ဒါခေါ်ရာတွင် တရုတ်ကို ပယ်ချပြီး အမေရိကန်ကို ရွေးချယ်

နိုင်ငံတွင်း 5G ကေဘယ် ကြိုးမဲ့ကွန်ရက် တည်ဆောက်ရာတွင် ဗြိတိန်မှ Vodafone Group PLC ဦးဆောင်သည့် ဆက်သွယ်ရေး ကုမ္ပဏီများအုပ်စုကို စဉ်းစားထားကြောင်း အီသီယိုးပီးယားအစိုးရက မကြာသေးမီက ထုတ်ပြန် ထားသည်။ အဆိုပါ လုပ်ငန်းစုသည် အသစ်ဖွဲ့စည်းထားသည့် အမေရိကန်နိုင်ငံရှိ ပြည်ပအကူအညီပေးရေး အေဂျင်စီမှ ဒေါ်လာဘီလျံများစွာ တန်ဖိုးရှိသည့် စီမံကိန်းအတွက် ငွေကြေးထောက်ပံ့မှု ရရှိထားကြောင်း The Wall Street Journal တွင် ဖော်ပြထားသည်။

အေဂျင်စီအနေဖြင့် အတိုးနှုန်းသက်သာသည့် ချေးငွေရရှိသော်လည်း ရရှိသည့်ချေးငွေဖြင့် တရုတ်နိုင်ငံမှ Huawei Technologies Co. နှင့် ZTE Corp.တို့မှ ပစ္စည်းများကို မဝယ်ယူရန် ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်ထားရှိသည်။ အ‌ဆိုပါ တရုတ်ကုမ္ပဏီ ၂ ခုစလုံးသည် သူလျှိူလုပ်နိုင်ကြောင်း အမေရိကန်အစိုးရက သတ်မှတ်ထားသော်လည်း ၎င်းတို့က ငြင်းဆိုထားသည်။

အီသီယိုပီးယား ဆက်သွယ်ရေး အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် “ပွင့်လင်းမြင့်သာမှုရှိပြီး နည်းပညာနဲ့ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်မှု လိုအပ်ချက်အပေါ် အကဲဖြတ်သည့် နှိုင်းယှဉ် ရွေးချယ်မှုအပြီးတွင် ဆက်သွယ်ရေး အာဏာပိုင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တင်ပြလာမှုနှင့်အတူ အီသီယိုးပီးယား အစိုးရအနေဖြင့် ဗြိတိန်နိုင်ငံမှ Vodafone၊ ကင်ညာမှ Safaricom၊ တောင်အာဖရိကမှ Vodacom၊ ဂျပန်မှ Sumitomo ကော်ပိုရေးရှင်း၊ ဗြိတိန်နိုင်ငံ၏ ဖွံဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့ CDC Group၊ အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေး ကော်ပိုရေးရှင်း တို့နှင့် ပူးပေါင်းထားသည့် လုပ်ငန်းစုဖြစ်သော Global Partnership for Ethiopia အား နို်ငငံအနှံ့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အား ပေးအပ်လိုက်သည်” ဟု ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly