ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်နှင့် အခြား ၉ ဦးကို နိုင်ငံတော်လုံခြုံရေး ချိုးဖောက်မှုဥပဒေဖြင့် ထောင်ဒဏ် ချမှတ်

By The Singapore Post
06 June 2021
ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်နှင့် အခြား ၉ ဦးကို နိုင်ငံတော်လုံခြုံရေး ချိုးဖောက်မှုဥပဒေဖြင့် ထောင်ဒဏ် ချမှတ်

ဟောင်ကောင်တွင် ဒီမိုကရေအရေး လှုပ်ရှားသူခေါင်းဆောင်များအား တရုတ်အစိုးရက နိုင်ငံတော်လုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် နှိမ်နင်းလျှက်ရှိရာတွင် မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်းအား တရားမဝင် စုဝေးမှုကြောင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်သည်။ အခြား ၉ ဦးကိုလည်း ဟောင်ကောင်ခရိုင်တရားရုံးက ဇွန် ၄ ရက်တွင် ထောင်ဒဏ် ၁၄ နှစ်မှ ၃၆ နှစ်အထိ ချမှတ်လိုက်ကြောင်း Dimsum Daily သတင်းတွင် ဖော်ပြသည်။

ဂျင်မီလိုင်းအနေဖြင့် လက်ရှိပူးတွဲကျခံနေရသည့် ထောင်ဒဏ်များနှင့် ပေါင်းစပ်ပါက ထောင်ဒဏ် နှစ် ၂၀ အထိရှိပြီး အခြားအမှုများလည်း ရှိနေသောကြောင့် ပိုမိုကြာမြင့်သည့် ထောင်ဒဏ် ကျခံဖွယ်ရာရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တရားမဝင်စုဝေးခြင်းကို ဦးဆောင်မှုနှင့် အဆိုပါစုဝေးမှုများတွင် ပါဝင်ရန် သွေးထိုးလှုံ့ဆော်သူ ၄ ဦးကိုလည်း ထောင်ဒဏ် ၃၆ နှစ်အသီးသီးချမှတ်လိုက်သည်။

အကြမ်းဖက်ခြင်း၊ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုဖြိုခွဲရန် လုပ်ဆောင်ခြင်းနှင့်ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းသည့်လုပ်ရပ်များကို ရာဇဝတ်မှုမြောက်ကြောင်း သတ်မှတ်ထားပြီး ဟောင်ကောင်မှ ဒီမိုကရေစီလိုလားသူများနှင့် အနောက်နိုင်ငံအချို့က ယင်းဥပဒေသည် ဟောင်ကောင်ပြည်သူတို့၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ လွတ်လပ်ခွင့်များကို ထိခိုက်စေကြောင်း သတ်မှတ်ထားသည်။

၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများသည် တရုတ်အစိုးရက လှုပ်ခတ်စိုးရိမ် သွားစေခဲ့ပြီးနောက် ယင်းလုပ်ဆောင်မှုများကို တားဆီးရန် နိုင်ငံတော်လုံခြုံရေး ဥပဒေကို ပြဌာန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly