သတင်းထောက်တွေ ပြန်လွှတ်ရေး ကန်ဒုနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

03 June 2021
သတင်းထောက်တွေ ပြန်လွှတ်ရေး ကန်ဒုနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

အရှေ့တောင်အာရှဒေသမှာ အာဆီယံရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း ပြသတဲ့အနေနဲ့ရော ဒေသတွင်းကိစ္စရပ်တွေကို အာဆီယံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့တို့အတွက်ပါ ဒေသတွင်းနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က မနေ့တုန်းက ဘန်ကောက်မြို့ကတဆင့် သတင်းထောက်တွေနဲ့ တယ်လီဖုန်းကနေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သူ့ခရီးစဉ်ကိစ္စကို ရှင်းပြခဲ့တာပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားသတင်းထောက် ၂ ဦးဖြစ်ကြတဲ့ ကမာရွတ်မီဒီယာက ကိုနေသန်မောင်နဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ Daniel Fenster တို့ကိစ္စကိုလည်း ဒုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။   

“မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထားတဲ့ အမေရိကန်သတင်းထောက် ၂ ယောက်စလုံးကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ တောင်းဆိုပါတယ်။ သူတို့ ၂ ယောက်စလုံး ပြန်လည် လွတ်မြောက်ပြီး သူတို့မိသားစုတွေထံ ပြန်မရောက်အချင်း သူတို့လွတ်မြောက်ရေးအတွက် ကျမတို့ တောက်လျှောက် တောင်းဆိုသွားမှာပါ။ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ဒီ သတင်းထောက် ၂ ယောက်ပြန်လွတ်ရေး သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး ဆောင်ရွက်ပေးကြဖို့ ကျမ တိုက်တွန်းခဲ့ပါတယ်။ တိုင်းပြည်တခု ကြွယ်ဝချမ်းသာရေးအတွက် လွတ်လပ်ပြီး အမှီအခုကင်းတဲ့ သတင်းဌာနတွေ တည်ရှိဖို့ လိုအပ်ပါတယ်။ မြန်မာစစ်တပ်က သတင်းထောက်တွေကို ဖမ်းဆီးပြီး သတင်းမီဒီယာအပေါ် အကြမ်းလုပ်ဆောင်နေတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။”   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly