အသုတ်မြို့က ကြံ့ခိုင်ရေးပါတီဝင်နေအိမ်အပါအဝင် ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲ 

အသုတ်မြို့က ကြံ့ခိုင်ရေးပါတီဝင်နေအိမ်အပါအဝင် ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲ 

ဇွန် ၁

ဧရာဝတီတိုင်း အသုတ်မြို့မှာ ဇွန်လ ၁ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်က ဗုံး သုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

အသုတ်မြို့ စက်လမ်းမှာနေထိုင်တဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးဝင်းကို နေအိမ်၊ အရှေ့လမ်းမတော်က သတင်းပေးဒလန်လို့ တစ်မြို့လုံးမှာသတင်းထွက်နေတဲ့  ဦးဝင်းနိုင်ဦးရဲ့နေအိမ်ဘေးနဲ့ မကျည်းတန်းရပ်ကွက် မူလတန်းကျောင်းရှေ့တွေမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ မရှိဘူးလို့ဒေသခံတွေကပြောပါတယ်။

"စက်လမ်းအိမ်က လူဆိုရင် အိမ်ရှေ့မှာကြံ့ခိုင်ရေးဆိုင်းဘုတ်ပါထောင်ထားတာ၊ဦးဝင်းနိုင်ဦးဆိုရင်လည်း တစ်မြို့လုံးက ဒလန်လို့ ဝိုင်းပြောနေကြတဲ့လူပါ။ ပေါက်တဲ့အချိန်တွေကလည်းသိပ်မကွာဘူး၊ ဗုံးပေါက်ပြီး စစ်ကားတစ်စီးတော့မြို့ထဲမှာလှည့်နေတယ်"လို့ ဒေသခံကဆက်လက်ပြောပါတယ်။

မနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးချိန်မှာ အကြမ်းဖက်စစ်အုပ်စုက ကားတစီးနဲ့ အသုတ်မြို့ပေါ်မှာ လှည့်ပတ်မောင်းနေခဲ့တယ်လို့သိရပြီး လက်ရှိအချိန်မှာတော့မကျည်းတန်းရပ်ကွက်မှာရှိတဲ့ မူလတန်းကျောင်းဝန်းအတွင်း စစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly