လေးမျက်နှာမြို့နယ်အတွင်းတစ်နေ့တည်း ဗုံး ၃ ကြိမ်ပေါက်ကွဲ

လေးမျက်နှာမြို့နယ်အတွင်းတစ်နေ့တည်း ဗုံး ၃ ကြိမ်ပေါက်ကွဲ

ဇွန် ၁

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်း က တစ်နေ့တည်း  ဗုံး သုံးလုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့ အထက်တန်းကျောင်းရှေ့မှာ ၁၁ နာရီကျော်အချိန်ကဗုံး တစ်လုံးပေါက်ကွဲခဲ့ပြီး အိုင်သပြုအုပ်စုထဲက ကွင်းမမူလတန်းကျောင်းရှေ့မှာ ဗုံး နှစ်လုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုမဖြစ်ပေါ်ခင်အချိန်မှာ လေးမျက်နှာမြို့နယ် ရှားဖြူကျင်းကျောင်းရှေ့မှာ ဗုံး သုံးလုံးမပေါက်ကွဲပဲ မီးခိုးတွေထွက်နေတဲ့ဆိုတဲ့သတင်းကြောင့် အကြမ်းဖက်စစ်သားနဲ့ရဲတွေက သွားရောက်စစ်ဆေးနေချိန်မှာ လေးမျက်နှာ အထက်တန်းကျောင်းနဲ့ ကွင်းမမူ မူလတန်းကျောင်း ရှေ့မှာပေါက်ကွဲခဲ့တာလို့သိရပါတယ်။

"တခြားကျောင်း တစ်ကျောင်းမှာ ဗုံးပေါက်တယ်လို့ သတင်းထွက်လာတဲ့အချိန်မှာ စစ်တပ်နဲ့ရဲတွေက သတင်းကြားတဲ့နေရာကိုပြေးကြတာပေါ့၊စစ်သားနဲ့ရဲတွေက သတင်းကြားတဲ့နေရာကိုသွားနေတဲ့အချိန်မှာ အထက ကျောင်းနဲ့ ကွမမူကျောင်းရှေ့မှာ ဆိုင်ကယ်နဲ့ ဗုံးကိုလာထားသွားတာပါ"လို့ဒေသခံကဆက်လက်ပြောပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ပွားပြီး လက်ရှိအချိန်မှာတော့ အကြမ်းဖက်စစ်အုပ်စုနဲ့ရဲတွေက ဗုံးပေါက်ကွဲခဲ့တဲ့ ကွင်းမမူလတန်းကျောင်းဝန်းအတွင်း စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပြီး ဒဏ်ရာရရှိသူတစ်စုံတစ်ဦးမှ မရှိခဲ့ဘူးလို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly