NUGအစိုးရရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ပတ်သက်လို့ရေးသားထားတဲ့ သတင်းအမှား 

01 June 2021
NUGအစိုးရရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ပတ်သက်လို့ရေးသားထားတဲ့ သတင်းအမှား 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ပတ်သက်လို့ လူမျိုးရေး၊ ဘာသာရေးတွေနဲ့ တိုက်ခိုက်ကာ စွပ်စွဲရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို  မေ ၂၈ ရက်နေ့က သတင်းရေးသားဖြန့်ဝေခဲ့ပါတယ်။
 သတင်းခေါင်းစဉ်အနေနဲ့ NLD အကြမ်းဖက်အဖွဲ့ စာသင်ကျောင်းတွေကိုပစ်မှတ်ထားတိုက်ခိုက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာဖြစ်ပါတယ်။ 
စပက်တထွာဘုရင်ဆိုတဲ့ အကောင့်ပိုင်ရှင်က အဆိုပါသတင်းကို သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ကနေတစ်ဆင့် ပြန်လည်မျှဝေခဲ့ပါတယ်။
အဲ့ဒီသတင်းထဲမှာတော့ ဒေါက်တာဇော်ဝေစိုးဟာ မြင်းခြံဇာတိဖြစ်ပြီး အဖေ မူစလင်၊ အမေ မြန်မာကနေ မွေးလာတဲ့ အစွန်းရောက်မူစလင်တစ်ဦးဖြစ်တဲ့အကြောင်း၊ ဒေါက်တာဇော်ဝေစိုးကို အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC)မှ ထောက်ပံ့နေပြီး NUGနဲ့ CRPHကို စိတ်ကြိုက်ခြယ်လှယ်နိုင်ရန်ပံ့ပိုးပေးနေကြောင်း၊ မေ ၂၈ရက်နေ့က ရှမ်းပြည်နယ် မူဆယ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့အကြမ်းဖက်အဖွဲ့က လုပ်ဆောင်တာဖြစ်တဲ့အကြောင်း စသဖြင့် ရေးသားထားပါတယ်။
ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို Mizzimaက ဆက်သွယ်မေးမြန်းရာမှာတော့ ဒေါက်တာဇော်ဝေစိုးဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတာသိရပါတယ်။ 

#MizzimaTV​​
#MisinformationBusters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required