မေ ၃၁
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ပုသိမ်-ရန်ကုန်ကားလမ်းပေါ်မှာရှိတဲ့ ဆားမလောက်ကျေးရွာမှာ ဒီကနေ့ ည ၇နာရီ၃၀မိနစ်ခန့်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွါးခဲ့ပါတယ်။
ဆားမလောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနဲ့ အုပ်ချုပ်ရေးမှူးရုံးအကြားမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
“ဗုံးပေါက်တာဟုတ်တယ် လူမထိဘူးပြောတယ်၊ အခုသူတို့ သွားကြည့်နေကြပြီ”လို့ ဆားမလောက်ဒေသခံတစ်ဦးကပြောပါတယ်။
ညောင်တုန်းမြို့နယ်မှာ ယမန်နေ့ညပိုင်းကလည်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွါးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ပါတယ်။