CDF ကန်ပက်လက်နှင့် တိုက်ပွဲတွင် စစ်အုပ်စုတပ်သား အနည်းဆုံး ၈ ဦး သေဆုံး

CDF ကန်ပက်လက်နှင့် တိုက်ပွဲတွင် စစ်အုပ်စုတပ်သား အနည်းဆုံး ၈ ဦး သေဆုံး

မေ ၃၁

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ် CDF ကန်ပက်လက်နဲ့ တိုက်ပွဲ နှစ်ရက်တာအတွင်း စစ်အုပ်စုဘက်က အနည်းဆုံး ရှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း များကြောင်း CDF က ဒီနေ့ ညနေပိုင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းတပ်မြို့နဲ့ ကန်ပလက်မြို့အကြား အမှတ် (၅) နယ်မြေရှိ မကြားရွာ၊ ခွဲလုံသာရွာနဲ့ လှေ့စုန်ရွာတွေဘက်က ပြည်သူ့ပိုင်နက်ထဲ စစ်အုပ်စုတပ်တွေက အင်အားတစ်ရာကျော်နဲ့ ကျူးကျော်လာတဲ့အတွက် မေလ ၂၉ ရက် နေ့လယ်ပိုင်းကစလို့ CDF ကန်ပက်လက်နဲ့ စစ်အုပ်စုတို့အကြား ပစ်ခတ်မှုတွေရှိခဲ့ပြီး  မေလ ၃ဝ ရက်မှာလည်း ပစ်ခတ်မှုတွေဆက်ရှိခဲ့တယ်လို့ CDF က ဆိုပါတယ်။

တိုက်ပွဲ နှစ်ရက်တာအတွင်း စစ်အုပ်စုဘက်က အနည်းဆုံး ရှစ်ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေ များပြီး CDF ကန်ပက်လက်ဘက်ကလည်း  ထိခိုက်ဒဏ်ရာရမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်အုပ်စုက အပြစ်မဲ့ချင်းပြည်သူ ၅ ဦးကိုပါ ဖမ်းဆီးထားခဲ့တယ်လို့လည်း CDF က သတင်းထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly