NUG အစိုးရ ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် အင်တာဗျူး

31 May 2021
NUG အစိုးရ ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် အင်တာဗျူး

"လပိုင်း ၊ ရက်ပိုင်းနဲ့ အတန်းအောင်မယ့် အတန်းတင် ပညာရေးကို သင်မလား၊ တကယ်ပညာတက်မဲ့ စာတက်မဲ့ ပညာရေးစနစ်ကို သင်မလား"
ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေအတွက် အသေးစိတ်ပြင်ဆင်နေပြီး အစီအစဉ်အချို့စတင်နေပြီဖြစ်တယ်လို့ NUG အစိုးရ  ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မဇ္ဈိမကို ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့က ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ၊ CRPH ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး  ပြည်သူမှ ပြည်သူသို့ သင်ကြားပေးမဲ့ ကြားကာလပညာရေးအစီအစဉ်ကို  ၁၀ ရက်အတွင်းမှာ စတင်ကြေညာသွားဖို့ရှိတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ အသည်းအသန်ကြိုးစားနေပြီး မေလ ၂၄ရက်ကနေ ၃၁ ရက်အထိ တစ်နိုင်ငံလုံးကကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေတာလဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly