ကျောင်းသား၊ကျောင်းသူ ၁၄၀၀ နီးပါးတက်ခဲ့တဲ့ကျောင်းမှာ ကျောင်းလာအပ်သူ ၂၀ ခန့်သာရှိ

ကျောင်းသား၊ကျောင်းသူ ၁၄၀၀ နီးပါးတက်ခဲ့တဲ့ကျောင်းမှာ ကျောင်းလာအပ်သူ ၂၀ ခန့်သာရှိ

မေ ၂၄

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့က အထက်တန်းကျောင်းမှာ ယခင်အချိန်က ကျောင်းတက်ခဲ့တဲ့ ဦးရေ ၁၄၀၀ နီးပါးရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ညွှန်ကြားချက်နဲ့ ကျောင်းအပ်လက်ခံနေတဲ့ ဒီနေ့မေလ ၂၄ ရက်နေ့မှာ ကျောင်းလာအပ်သူ ဦးရေ ၂၀ နီးပါး သာရှိတယ်လို့သိရပါတယ်။

ကန်ကြီးထောင်မြို့ပေါ်မှာ နေထိုင်တဲ့ ကျောင်းသားမိဘတော်တော်များများကတော့ ကျောင်းအပ်နှံတာမျိုး မတွေ့ရှိရပဲ ကျေးရွာတွေမှာရှိတဲ့ ကျောင်းသားမိဘတွေကသာ ကျောင်းလာအပ်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

"စစ်တပ်က အုပ်ချုပ်နေရင် ဟိုးအရင်က ပညာရေးစနစ်ကြီးကို ပြန်ရောက်မှာပဲ အတန်းပိုင်ဆရာမရဲ့ ကျူရှင်မှာတက်မှ နေရာရတဲ့ခေါတ်၊ကျူရှင်တက်ရင်ရင်လဲ စာမေးပွဲမှာပါမယ့် မေးခွန်းတွေကြိုပြီးပေးတဲ့ခေါတ်ကို ပြန်မရောက်စေချင်ဘူး အဲ့တာကြောင့် ကျွန်တော့်ကလေးကို ကျောင်းမအပ်ဘူးကျွန်တော်တို့ကျောင်းမအပ်ရင် ဒီကောင်တွေလုပ်နေတာအကုန်လုံး သဲထဲရေသွန်ဖြစ်မှာပဲလေ ဒီနေ့လာအပ်တာလဲ ၂၀ လောက်ပဲရှိတယ်"လို့ ဒေသခံကဆက်လက်ပြောပါတယ်။

လက်ရှိမှာတော့ ကန်ကြီးထောင့်မြိုပေါ်မှာ နေထိုင်တဲ့ ကျောင်းသားမိဘ အားလုံးနီးပါးကတော့ တွေကစစ်ကျွန်ပညာရေးကို လက်မခံနိုင်လို့ ကျောင်းသွားမအပ်ကြဘူးလို့ လို့သိရှိရပြီး စစ်အာဏာရှင် လက်အောက်မှာတာဝန်ထမ်းဆောင်ချင်စိတ်မရှိလို့ ကန်ကြီးထောင့်မြို့နယ်အတွင်းက CDM ပြုလုပ်ထားသူ ဆရာ၊ဆရာမ ၈၅ဦးကိုလဲ အကြမ်းဖက်စစ်ကောင်စီရဲ့ညွှန်ကြားချက်နဲ့ တာဝန်တွေက ယာယီရပ်ဆိုင်းထားတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly